Posts

Showing posts from May, 2012

gmail အကောင့်ဖွင့်နည်း (တစ်ကယ်ရတယ်နော်)

  Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီ code တောင်းခြင်းကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။ မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။လိုအပ်ချက်များ။ Ultrasulf IE Mozilla Firefox ယခုအသုံးပြုနေသော Gmail account တစ်ခု သင့်တင့်သော connection ရှိရမည်။ Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။ IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။ Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။ OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P) အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။ ယခုသုံးနေသောGma

ဘလော့ template လေးတွေ ပြောင်းကြမယ်

Image
ဒီတစ်ခါတော့ ဘလော့အကြောင်းလေး နည်းနည်းရေးချင်လာတာနဲ့ ရေးလိုက်ပါတယ်။ အခုရက်ထဲ ကွန်ကလည်းစုတ် ဒီကြားထဲ မီးကလည်း ၅ မိနစ်ကို တစ်ခါလာနေတော့(ပျက်တယ်လို့မပြောဘူးနော်။ ကျွန်တော်တို့ဆီမှာက သူများတွေလို မီးက တစ်ခါပဲလာတာမဟုတ်ဘူး။ ခဏခဏလာတာ ဟီးးးး) မရေးနိုင်ဘူးဖြစ်နေတယ်ဗျာ။ ဘလော့အကြောင်းဆိုတာ တစ်ခြားတော့မဟုတ်ပါဘူး။ ဘလော့ကို blogspot ကပေးတဲ့ free ရတဲ့ theme တွေကိုမသုံးပဲ တစ်ခြား free theme တွေပေးတဲ့ ဆိုက်တွေကနေ ဒေါင်းပြီး blogspot မှာ upload ပြန်လုပ်တဲ့နည်းပါ။ ဒီနည်းလေးကို ဘလော့ တော်တော်များများမှာ တွေ့ရပေမယ့် အဓိကလိုအပ်တဲ့ အပိုင်းလေးကို ထည့်ပေးထားတာမတွေ့ရပါဘူး။ ကဲ ပြောလက်စနဲ့ အစကနေပဲပြောလိုက်တော့မယ်။ အရင်ဆုံး အောက်မှာပေးထားတဲ့ ဆိုက်တွေကနေ ကိုယ်ကြိုက်တဲ့ theme လေးကို ဒေါင်းထားလိုက်ပါ။ နောက်ထပ် theme တွေ ထပ်ရှာချင်သေးတယ်ဆိုရင်လည်း google ထဲမှာ free blogspot themes လို့ ရိုက်ထည့်ပြီးရှာနိုင်ပါသေးတယ်။ အဓိက ကတော့ တစ်ကယ်လို့များ blogspot ကို upgrade လုပ်ပြီးသုံးနေတယ်ဆိုရင် old version ကို ပြန်ပြောင်းထားလိုက်ပါ။ ဘာလို့ပြောင်းခိုင်းတာလည်းဆိုတာတော့ ပြီးတော့မှပြောပြမယ်။ ပြီးရင် Design ထဲကိုဝင်လိ

မိမိဘလော့အား မြန်မြန်ပွင့်အောင်လုပ်နည်း

Image
ဒီဟာကတော့ ဘလော့သမားတွေအတွက် အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်တာပါ။ ကိုယ့်ရဲ့ဘလော့လေးကို သူငယ်ချင်းတွေဝင်ကြည့်တဲ့အခါ မြန်မြန်လေးပွင့်တော့ ပိုကောင်းတာပေါ့။ ကြည့်ရတဲ့သူလည်း စောင့်ရလို့ စိတ်တိုရတဲ့ဒုက္ခလည်း မရောက်တော့ဘူးလေ။ ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ အောက်မှာပေးထားတဲ့ Website လင့်သုံးခုထဲက ကြိုက်ရာတစ်ခုကိုဝင်ပြီး ကိုယ့်ရဲ့ ဘလော့လိပ်စာလေးရိုက်ထည့်လိုက်ရုံပါပဲ။ အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်တာပါ။ သိပြီးသူတွေလည်း များမယ်ထင်ပါတယ်။ မသိသေးသူတွေအတွက်ပေါ့။ Sign Up လည်းလုပ်စရာမလိုဘူးနော်။ လိပ်စာ(၁) လိပ်စာ(၂) လိပ်စာ(၃)

proxy နံပါတ်တွေ ရှာကြမယ် ၊ ကျော်ကြမယ် ခွကြမယ်

မြန်မာနိုင်ငံမှာ .blogspot.com ကို ၀င်လို့မရပါဘူး။ ကျွန်တော်လည်း ၀င်လို့မရပါဘူး။ ဒီတိုင်းဝင်ရင် access is denied လို့ပဲပြနေတယ်။ ကဲ.... ဒီတိုင်းဝင်မရရင် ရတဲ့နည်းနဲ့ဝင်မှာပေါ့။ proxy ကို ကျော်ဖွင့်ပေးတဲ့ proxy website တွေလည်းရှိပါတယ်။ ဥပမာ www.polysolve.com လိုမျိုးပေါ့။ ကိုယ်ကျော်ဖွင့်ချင်တဲ့ဆိုက်ကို သူ့ရဲ့ solve ဘောက်ထဲမှာ ရိုက်ထည့်ပြီး solve ကိုနှိပ်လိုက်ရင် သူ့ဟာသူ ကျော်ဖွင့်ပေးပါတယ်။ ဒါပေမယ့် အဲဒီဆိုက်တွေက ဆိုက်ကို ၀င်ကြည့်ရုံသက်သက်ပဲရပါတယ်။ မန်ဘာဝင်တာတို့ဘာတို့ကျတော့ မရတော့ပါဘူး။ ကျော်တဲ့ နော်တစ်နည်းက firefox addons တင်ပြီးတော့ ကျော်တာပါ။ ဒီဘလော့ထဲမှာပဲ ရေးထားတာရှိပါသေးတယ်။ anonymox addons လိုမျိုးပေါ့။ proxy addons တွေထပ်ရှာချင်သေးရင်လည်း www.firefox.org ကိုသွားပြီး addons ကိုဝင်၊ ပြီးရင် search box ထဲမှာ proxy ကိုရိုက်ထည့်ပြီး ရှာနိုင်ပါသေးတယ်။ ဒီကောင်နဲ့ကျော်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ပုံမှန်သုံးနေတဲ့အတိုင်းသုံးလို့ရတယ်။ မန်ဘာဝင်လို့လည်းရတယ်။ ဒါပေမယ့် အမြဲတမ်းတော့မပြေနိုင်ဘူးလေ။ နောက်တစ်နည်းကတော့ proxy နံပါတ်ကို firefox ရဲ့ option ထဲမှာ ရိုက်ထည့်ပြီးသုံးတဲ့နည်း

မြန်မာပြည်က ဘာလော့လုပ်ချင်သူတွေအတွက်

           blogspot ကို မြန်မာနိုင်ငံကနေ ၀င်လို့မရတော့ ဘလော့လုပ်ချင်သူတွေအတွက် (အဓိက - မြန်မာနိုင်ငံက လူတွေအတွက်) ဘလော့ free လုပ်လို့ရပြီးတော့ အခုထိ block လုပ်ထားတာ မတွေ့ရသေးတဲ့ ဆိုက်ကလေး တစ်ခုကို မျှဝေလိုက်ပါတယ်။ သူက သုံးရတာလည်းအဆင်ပြေပါတယ်။ HTML ကို အများကြီးနားလည်စရာလည်းမလိုပါဘူး။ တစ်ခုအားနည်းတာက Theme တွေ အများကြီးတော့မရှိဘူး။ ဒါပေမယ့်လည်း ရှိတဲ့ဟာလေးတွေကလည်း ရိုးရိုးလေးနဲ့ ဆိုးတော့ မဆိုးပါဘူး။ ကျွန်တော်တောင် ဘလော့တစ်ခုစမ်းထားသေးတယ်။ နမူနာကြည့်ချင်ရင် ဒီမှာ ၀င်ကြည့်လို့ရပါတယ်။ ဘလော့လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ သွားလုပ်နိုင်ပါတယ်။ အဲဒီမှာ လိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ။ ကျွန်တော်အချိန်သိပ်မရလို့ ပုံနဲ့တင်မပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ နောက်ဆိုက်တစ်ခုကတော့ www.blogbaker.com ပါ။ သူလည်းစောစောကဆိုက်လိုပဲအဆင်ပြေပါတယ်။ ကဲ.... ၀ါသနာပါရင် အခုပဲစမ်းကြည့်လိုက်ပါနော်။ free ဆိုက်တွေအများကြီးရှိပေမယ့်။ subdomain အဆင်ပြေမယ့် ၊ မှတ်လို့လွယ်မယ့်ဟာနဲ့  ပိတ်မထားတဲ့ဟာလေးတွေကို ရွေးပြီးတင်ပေးတာပါ။ အားလုံးကိုခင်မင်လျှက်.... gyittoo

လိုင်းပေါ်မှ သူငယ်ချင်းများသို့

မီးမမှန်သဖြင့် မနက်ဖြန် (8.5.2012)မှစပြီး အင်တာနက်လိုင်းအား ခေတ္တဖြုတ်ထားပါမည်။ လိုင်းပေါ်မှသူငယ်ချင်းများကို နှုတ်ဆက်ပါသည်။ မီးမှန်မှ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ......................။