Posts

Showing posts from 2013

မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့်  Smart Zawgyi 3 ထွက်ရှိ...

developer ကို လေးစားသောအားဖြင့် မူရင်အတိုင်း ပြန်ရှယ်လိုက်ပါတယ်... နောက်ပိုင်းထွက်ဖုန်းတစ်ချို့မှာ Padauk Font ကြီးပါလာပါတယ်... အဲ့ကောင်တွေဆိုမြန်မာစာအဆင်မပြေ ပါဘူး... နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်. .. အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါ ဘူး... နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်... Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး... အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေေ အာင်... နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ် ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်... နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်... Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားတယ်... ဟိုးအရင် Sony 2.3.3 တွေမှာ ယပင့်တွေအပေါ်တက်တာမှတ်မိကြသေးလား... ဒီ Font မှာအဲ့လိုမဖြစ်ဘူး... တကယ်လို့ သင်တို့ APK ရေးရင် ဒီ Font ကိုသုံးပါ... ဒါဆိုဖုန်းတိုင်းမှာမြန်မာလိုအ ဆင်ပြေပြေမြင်ရလိမ့်မယ်... ဆိုဒ်ကလဲသေးတော့ APK ထဲမှာထည့်သုံးရတာအင်ပြေမှာပါ... ပြီးတော့ ဒီ Font ဟာလုံး

Android 4.0 နှင့်အထက်ဖုန်းများအားလုံးကို မြန်မာစာအဆင်ပြေမှန်စွာ သွင်းပေးနိုင်မည့် Myanmar Mobile Zawgyi Changer 2 v1.0.5 ထွက်ရှိ

Image
Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင် သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး <a href=" http://www.facebook.com/ thetnaing.mmas ">( http://www.facebook.com/ thetnaing.mmas )</a> မှရေးသားဖန်တီးထားပါတယ်။ MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature တွေအနေနဲ့ -Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြ င်း -Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ -ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ် မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စန စ် G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အ ဆင်ပြေစေမည့်စနစ်တွေပါဝင်ပါ တယ်။

System Font Style မှာ zawgyi ပြောင်းမရတဲ့ Samsung ဖုန်းတွေအတွက် ပြောင်းနည်း

Samsung နောက်ထွက်တဲ့ဖုန်းတစ်ချို့မှာ system မှာပါတဲ့ Font Style ကို zawgyi apk တင်ပြီး ပြောင်းခွင့် ပေးမထားပါဘူး... တစ်ချို့ကတော့ root ဖောက်ပြီးတင်လိုက်ကြတာပါပဲ... ဒါလေးကတော့ root မဖောက်ဘဲ ရအောင် တင်ချင်တဲ့သူတွေအတွက်ပါ။ လိုင်းကမကောင်းတော့ ဖိုင်တွေနဲ့ ပုံတွေတော့ တင်မပေးတော့ပါဘူး... ရှာဒေါင်းလိုက်ပေါ့။ လိုအပ်တာကတော့ ifont.apk နဲ့ ပြောင်းချင်တဲ့ (ဥပမာ ... zawgyione.apk) ဖောင့် apk နှစ်ခုပါ။ နှစ်ခုစလုံးကို ဒေါင်းပြီး ဖုန်းမှာ install လုပ်ပေးထားပါ။ အရင်ဆုံး ifont ကိုဝင်ပြီး setting ထဲမှာ change font mode ကို samsung mode(for samsung) ကို ပြောင်းပေးထားပါ။ ပြီးရင် install ဆိုတဲ့နေရာကို သွားလိုက်ပါ။ အဲ့မှာ ခုန install လုပ်ထားတဲ့ ဖောင့်ကို တွေ့ပါလိမ့်မယ်... သူ့ကိုရွေးပေးပြီး set ကို နှိပ်ပေးပါ။ auto reboot ကျသွားပါလိမ့်မယ်.. မကျရင်လည်း ကိုယ့်ဖာသာ ချပေးလိုက်ပါ။ ပြန်တက်လာရင် အဆင်ပြေသွားပါပြီဗျာ... ifont မှာ တစ်ခြား လုပ်လို့ရတာလေးတွေလည်း ရှိပါသေးတယ်... နောက်မှစမ်းကြည့်တာပေါ့။ :D

Y511-T00 and U00 Firmware နှင့် တင်နည်းများ

Image
Y511 ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့် မြန်မာစာစမ်းရင်း ဖမ်းဝဲပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ… ကျွန်တော်လည်းအပါအ၀င်ပေါ့… အခု စီးရီးနှစ်ခုလုံးအတွက် လိုအပ်တဲ့ ဖိုင်တွေနဲ့ တင်နည်းကိုပါ ဖော်ပြပေးလိုက်ပါတယ်… အရင်ဆုံး Y511-T00 အတွက် တင်နည်းကို ဖော်ပြပေးပါမယ်.. ၁။ T00 အတွက် အရင်ပြေပါမယ်... လိုအပ်တဲ့ဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ။ Y511-T00 Firmware လင့်ကိုဝင်လိုက်ရင် အောက်ကပုံမျိုးပေါ်ပါမယ်... တရုတ်လိုတွေဆိုတော့ မဒေါင်းတတ်မှာစိုးလို့ ပုံနဲ့ပြပေးလိုက်ပါတယ်.. ပုံမှာ မျှားပြထားတဲ့နေရာကိုနှိပ်ရမှာပါ။ ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။ ဖိုဒါတစ်ခုရပါမယ်.. အဲ့ဖိုဒါကိုထပ်ဖွင့်လိုက်ပါ။ အထဲက dload ဆိုတဲ့ဖိုဒါကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။ dload ဆိုတဲ့ ဖိုဒါထဲမှာ update.zip ပါပါတယ်.. အဲ့ဖိုဒါလိုက်ကူးထဲ့ခိုင်းတာပါ။ ပြီးရင် ရိုးရိုး Huawei တွေတင်သလိုပဲ.. vol up + vol down + power သုံးခုကိုနှိပ်ထားပေးလိုက်ပါ။  သူ့ဟာသူ update လုပ်သွားပါလိမ့်မယ်... ပြည့်သွားပြီဆိုရင် auto restart ကျပြီး ပြန်တက်လာရင်ရပါပြီ... တစ်ကယ်လို့ အဲ့ဒီနည်းနဲ့ အဆင်မ

(mobile) သမားတွေ ဒေါင်းရအောင်ဟေ့ ကောင်းကောင်း :D

ဒါလေးကတော့ ဒီနေ့ပဲ facebook ပေါ်မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့လို့ ပြန်ရှယ်လိုက်တာပါ...။ ဒီဆိုက်လေးက (အဓိကအားဖြင့်)မိုဘိုင်းသမားတွေအတွက် အသုံးဝင်မယ်လို့ထင်တာပဲ... (သိချင်ရင်တော့ ကိုယ့်ဟာကိုယ်ဝင်ကြည့်ပေါ့)။ Samsung firmware တွေလည်း တော်တော်များများတွေ့တယ်... HTC, Blackberry , Apple , Acer , Nokia စုံတော့စုံသားဗျ... မှတ်ထားပြီး လိုချင်တဲ့အချိန်သွားရှာလို့ရတာပေါ့ဗျာ... အောက်ကလင့်မှာဝင်မွှေပါ... >>>> http://goo.gl/yof2Qi

windows xp အတွက် အသုံးဝင် registery ဖိုင်လေးများ

microsoft က windows တွေ တစ်ခုပြီးတစ်ခု update ထုတ်နေပေမယ့် win xp ကတော့ အခုထိ အသုံးတဲ့/ လူကြိုက်များနေတုန်းပါပဲ.... အခုတင်ပေးလိုက်တာကတော့ windows xp အတွက် one click registery editor လေးတွေပေါ့ဗျာ... registery ဖိုင်လေးတွေပါ..... အောက်မှာ လိုချင်တာကိုဒေါင်းလိုက်ပါ.... registery ဖိုင်ဆိုလို့ တစ်ခုခုဖြစ်မှာ စိုးရိမ်စရာမရှိပါဘူး... ပြင်ဖို့အတွက်တစ်ဖိုင်... restore အတွက် တစ်ဖိုင်... နှစ်ဖိုင်ဆီထဲ့ပေးထားပါတယ်... rar ဖိုင်ကိုဖြည်ပြီး... အထဲမှာပါတဲ့ဖိုင်လေးကို double click ချလိုက်ယုံနဲ့ apply ဖြစ်သွားပါမယ်... ပြန်ပြီး restore လုပ်ချင်ရင်လည်း restore ဆိုတဲ့ဖိုင်ကို double click ပေါ့ဗျာ... လိုချင်ရင် အောက်မှာ ကိုယ်အသုံးတဲ့တာ ဒေါင်းသွားကြပါ... ဒေါင်းလုပ်ကိုလည်း ဒါရိုက်ချိတ်ပေးထားပါတယ်.... ဖုန်းသမားတွေပိုအဆင်ပြေအောင်ပါ။ ၁။   All system faster ၂။  fastboot and shutdown xp.rar   ၃။  Hide AllPrograms.rar ၄။  Hide ControlPanel.rar ၅။  Hide DisplayProperties.rar ၆။  HIDE InternetOP.rar ၇။  Hide Shutdown.rar   ၈။  Lock Drive C.rar တင်ပေးချင်တဲ့ ဖိုင်တွေကတော့ အများကြီးပဲဗျာ... ကျွန်တော်က download

Android မှာ flash song တွေကို feature အပြည့်နဲ့ခံစားမယ်

Image
flash song တွေကို ဖုန်းမှာဖွင့်ဖို့ ကျွန်တော်လိုက်ရှာနေတာကြာပြီဗျ.... တွေ့တော့တွေ့တယ်။ ဒါပေမယ့် မမိုက်ဘူး။ အခုနည်းလေးက ကွန်ပျူတာမှာပေါ်တဲ့အတိုင်း mouse effect လေးတွေကိုပါ လက်ကလေးနဲ့တို့လိုက်ရင်ဖြစ်ဖြစ်... ဒါမှမဟုတ် မောက်စ်ပုံလေးကိုနှိပ်လိုက်ရင်ဖြစ်ဖြစ် သုံးလို့ရတယ်...။ ပြီးတော့ ကီးဘုတ်လက်ကွက်လေးတွေလည်း ဖော်လို့ရတယ်ဗျ... ကျွန်တော်ကတော့ကြိုက်တယ်။ သိပြီးသူတွေလည်းရှိမှာပါ။ မသိသေးတဲ့သူတွေအတွက်တင်ပေးလိုက်တာပါ။ ဆြာဂျီးတွေပါဝူးနော်... :D ပထမဆုံး ဖုန်းထဲမှာ adobe flash player လေးတော့ရှိရမယ်ဗျ.... မရှိလည်း အောက်ကပေးထားတဲ့ဇစ်ဖိုင်ထဲမှာပါပါတယ်။ ရှိပြီးသားဆိုရင်တော့ နောက်တစ်ခုကိုပဲတင်ပေါ့။ မရှိသေးတဲ့သူတွေကတော့ နှစ်ခုလုံးကိုတင်ပေးလိုက်ပါ။ ပြီးရင် swf ဖိုင်ကိုသွားပြီး ဖွင့်ရင်ရသလို..။ swfplayer ဆိုတဲ့ apk လေးကနေ၀င်ဖွင့်ရင်လည်း ရပါတယ်။ function key လေးတွေကိုဖော်ချင်ရင် ဖုန်းမှာပါတဲ့ menu key(မျဉ်းလေးသုံးချောင်း)ကိုနှိပ်ပေးလိုက်ပါ။ ပေါ်လာပါလိမ့်မယ်။ အဲ့ကမှ မောက်စ်၊ ကီးဘုတ်၊ အစရှိသဖြင့် ကိုယ်ဖော်ချင်တဲ့ဟာကို နှိပ်ပြီးဖော်လိုက်ပါ။

Facebook အကောင့်ဖွင့်နည်းအသစ်(မိုက်တယ်နော်)

Image
သူများတွေတင်ထားတာ မတွေ့သေးဘူးဗျ... ကျွန်တော်လုပ်တာတော့ တောက်လျှောက်အဆင်ပြေတယ်။ ဖုန်းနံပါတ်လုံးဝမတောင်းဘူး။ ဒီတိုင်းရေးရင် ဓါတ်ပုံတင်ဖို့အဆင်မပြေလို့ PDF နဲ့ပဲ ရေးတင်လိုက်တယ်။ အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။ << Download>> PDF ကို ဒေါင်းလို့မရဘူးဆိုလို့ ဒီတိုင်းကြိုးစားပြီးတင်ပေးလိုက်ပါတယ်... ပုံတွေကိုတင်ရင် proxy ကျော်နေရလို့ပါ... :D   ကျွန်တော်စမ်းကြည့်တာတော့ တော်တော်အဆင်ပြေတယ်ဗျ… သူများတွေတင်ထားတာလည်း မတွေ့မိသေးဘူး။ စမ်းကြည့်ကြပေါ့။ ဖုန်းနံပါတ်လုံးဝမတောင်းစေရဘူး။ ဒါပေမယ့် အဆင့်လေးတွေကိုတော့ သေချာလေး ဂရုစိုက်ပြီးလုပ်ပေးပါ။

Google service မပါတဲ့ဖုန်းတွေမှာ Gapps ကို အလွယ်ဆုံးနဲ့ အဆင်ပြေအောင်သွင်းမယ် (root only)

Huawei ဖုန်းနဲ့ China ဖုန်းတော်တော်များများမှာ google service ဟာ ပါမလာတာများပါတယ်... တစ်ခြား chatting ဆော့ဝဲတွေတင်သုံးရင်တော့ ရပေမယ့် google service အပြည့်မရတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး....။ အရင်တုန်းက CWM တင်ထားရင် Gapps.zip လေးထဲ့ပြီး install လုပ်လို့ရပေမယ့် cwm တင်ရတဲ့ဒုက္ခနဲ့ တစ်ချို့ တင်လို့မလွယ်တဲ့ဖုန်းတွေဆို အဲ့နည်းက အဆင်မပြေပြန်ပါဘူး...။

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်

အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ မိုဘိုင်းဗားရှင်း m မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။ https://lite.facebook.com/ https://touch.facebook.com/ touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။ https://upload.facebook.com/ ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။ ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတ

usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်

အချိန်ကသိပ်မရတော့ တိုတိုနဲ့လိုရင်းကိုပဲ ပြောလိုက်တော့မယ်ဗျာ... အောက်မှာပေးထားတဲ့ zip ဖိုင်လေးကို sd ကဒ်ထဲထဲ့ပြီး သက်ဆိုင်ရာကီးကိုနှိပ်ပြီး recovery ထဲ ၀င်လိုက်ပါ။ ပြီးရင် update from sd card ကနေ ခုနဖိုင်လေးကို ရွေးပေးလိုက်ပါ။ ကျွန်တော့ဆီမှာတော့ U8950D နဲ့စမ်းတာတော့ OK တယ်ဗျာ.... စမ်းကြည့်ပေါ့။ အန္တရာယ်တော့ မရှိပါဘူး။ ဒေါင်းရန်

Usb on မထား၊ CWM တင်မထား root မထားတဲ့ samsung ဖုန်းကို screen lock ဖြုတ်မယ်

အမှန်တော့ ကျွန်တော်စမ်းထားတာ galaxy y (young) နဲ့ပါ။ Samsung အကုန်လုံးတော့မရပါဘူး။ Gingerbread ထဲက နဲနဲတော့ရမယ်ထင်တာပဲ။ တစ်ကယ်လို့စမ်းလို့ရတဲ့ဖုန်းတွေရှိရင်လည်း အောက်မှာ မန့်ခဲ့ပါဗျာ။ နောက်လူတွေကြည့်ရတာပေါ့။ ကျွန်တော်လည်း တတ်လို့လုပ်ထားတာတော့မဟုတ်ပါဘူး။ ဒီနေ့မှ တစ်လုံးရောက်လာလို့ ဒီလိုလုပ်ရင်အဆင်ပြေလောက်တယ်လို့ စဉ်းစားမိပြီး လုပ်လိုက်တာပါ။ အောက်မှာပေးထားတဲ့ ဇစ်ဖိုင်လေးကို ဒေါင်းပြီး sd ကဒ်ထဲကို ထဲ့ထားပါ။

Photoshop CS3 နှင့် ရွှေရောင်စာလုံး ရေးနည်း (Pdf)

Photo Shop သင်ခန်းစာရေးဖို့ကို တစ်ခြားဟာတွေရေးနေရင်းနဲ့ စဉ်းစားမိသွားတာပါ။ ဖုန်းအကြောင်းတို့ ၊ တစ်ခြားဆော့ဝဲတွေတို့ဆိုတာ blogger.com ကို ဖွင့်ပေးလိုက်ကတည်းက ရေးလာတဲ့ဘလော့တိုင်းနီးပါးမှာ ပလူပျံနေအောင် ရှိတယ်ဗျ…။ ကျွန်တော်ကလည်း Photoshop သမားဆိုတော့ ကိုယ်ရတာလေး(နဲနဲပါးပါးပါ) ရေးရင်ကောင်းမယ်လို့စဉ်းစားမိတာနဲ့ ရေးလိုက်တာပါ။ ဒီစာအုပ်ကို အားပေးတယ်ဆိုရင် နောက်ထပ်သင်ခန်းစာလေးတွေ ထပ်ရေးပေးသွားမှာပါ။ Beginner တွေအတွက်တော့ နည်းနည်းရှုပ်ရင်ရှုပ်မယ်ဗျ…။ Pro တွေအတွက်တော့ ထမင်းစားရေသောက်ပဲ နေမှာပါ။           ကဲ…. လေနဲနဲရှည်သွားတယ်။ စလိုက်ရအောင်။ ၁။        ပထမဆုံး Photoshop CS3 ကိုဖွင့်ပြီး စာရွက်အလွတ်တစ်ရွက်တောင်းထားပါ။ ပြီးရင် Time News Roman ဖောင့်ကိုသုံးပြီး Golden Text ဆိုတဲ့စာကို ရိုက်ထားလိုက်ပါ။ နဲနဲ ကြီးကြီးလေးပေါ့ဗျာ…။ Text Color ကတော့ ကြိုက်တာယူလို့ရပါတယ်…။ ဘာလို့ဆိုတော့ အဲ့အရောင်ကို ဖုံးသွားမှာမို့လို့ပါ။ အဖြူပေါ်မှာဆိုတော့ လောလောဆယ် အမဲရောင်ပဲ ယူထားလိုက်ပါ။

Huawei ဖုန်းထဲက တရုတ်ဆော့ဝဲတွေကို root explorer သုံးပြီးဖျက်မယ်.. (only root)

ဖုန်းက root ပြီးသားဖြစ်ရပါမယ်... ပထမဆုံး ၁။ root explorer ကို install လုပ်လိုက်ပါ။ ၂။ ပြီးပြီဆိုရင် ဖွင့်လိုက်ပါ။ root access တောင်းရင် allow (သို့) grant လုပ်ပေးထားပါ။ ၃။ root explorer ထဲကနေ... cust/unicom/cn/app ကိုသွားလိုက်ပါ။ အပေါ်ဘက်က mount R/W ကိုနှိပ်ပြီး mount R/O ဖြစ်အောင်လုပ်ပေးထားပါ။ ၄။ ပြီးရင် ကိုယ်ဖျက်ချင်တဲ့ app (အဲ့ထဲက အကုန်ဖျက်လို့ရပါသည်။) ကို ဖျက်နိုင်ပါပြီ။ ၅။ နောက်တစ်ခုက system/delapp ထဲမှာလည်း အကုန်ဖျက်လို့ရပါတယ်။ ဒီလောက်ဆိုရင် တရုတ်ဆော့ဝဲ တော်တော်များများပျက်သွားမှာပါ။ system/app ထဲမှာလည်း ဖျက်လို့ရတာတွေရှိပါတယ်... ဖုန်းတစ်လုံးနဲ့တစ်လုံးကမတူတော့ အန္တရာယ်ရှိနိုင်တာကြောင့် အဲ့ထဲကဟာကိုတော့ မဖျက်စေချင်ဘူး... ဖျက်မယ်ဆိုရင်လည်း သတိထားပြီးဖျက်ပါလို့ပြောချင်ပါတယ်.. ကိုယ်ဖြစ်ကိုယ်ခံပေါ့.. နော့... ကဲ.... ခင်ဗျားမျက်စိရှုပ်နေတဲ့ တရုတ်ဆော့ဝဲတွေ မမြင်ရတော့ပါဘူးဗျာ...

G510-0200 စင်ကာပူဖုန်းကို root မယ်

Singapore ထုတ် Huawei ဖုန်းတစ်မျိုးဖြစ်တဲ့ G510-0200 တွေဟာ တစ်ခြား G510 တွေလုပ်သလို build number 165 firmware ပြန်တင် ပြီးတော့ Dload file ထပ်တင် unlock root နဲ့ root လုပ်လို့အဆင်မပြေတော့ပါဘူး။ သူ့အတွက်အဆင်ပြေမယ့် Dload ဖိုင်လေးကို တင်ပေးလိုက်ပါတယ်... အခုတင်ပေးတဲ့ dload ဖိုင်ကို firmware တင်သလိုတင်ပြီး unlock root tool 3.1 နဲ့ root လိုက်ရင် ဘာ error မှ မတက်ပါဘူး.... စမ်းကြည့်လိုက်ပါ။ အရင် dload ဖိုင်နဲ့လုပ်ထားလို့ camera error တက်နေတဲ့သူတွေလည်း original firmware ပြန်တင်ပြီး အခုတင်ပေးတဲ့ဟာနဲ့လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ >>>Download<<<

အစွမ်းထက် Root Tool တစ်မျိုး (V-root portable)

E-root လိုမျိုးပဲ ဖုန်းတော်တော်များများကို root နိုင်တဲ့ tool လေးတစ်ခုပါ။ တစ်ချို့ E-root မနိုင်တဲ့ကောင်တွေတောင် ဒီကောင်နဲ့ရပါတယ်... စမ်းကြည့်ကြပေါ့... ပုံမတင်ပေးနိုင်တာကိုတော့ခွင့်လွှတ်ပါ။ လိုင်းအခြေအနေမကောင်းလို့ပါ.... :D သူကတရုတ်စာတွေနဲ့ဆိုတော့ အဆင်မပြေမှာစိုးလို့နည်းလေးပြောပြလိုက်ပါမယ်... ၁။ အရင်ဆုံး ဖုန်းမှာ usbtethering ကို on ထားရပါမယ်။ unknow source ကို အမှန်ခြစ်ထားပါ။ ၂။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ driver မသိရင် တင်ပေးထားပါ။ ၃။ tool ကိုဖွင့်ပြီးရင် Root ဆိုတာ နှစ်ခုတွေ့ပါမယ်... ကျွန်တော်ကတော့ ဘယ်ဘက်ကဟာကိုနှိပ်ပါတယ်။ ၄။ ခဏစောင့်ပါ။ တစ်ချို့ဖုန်းတွေမှာ restart ကျပါမယ်။ ပြန်တက်လာရင် root access ရပါပြီ။ superuser ပုံတော့ လိုက်မရှာနဲ့နော်။ မပါဘူး...။ root access တောင်းတဲ့ ဆော့ဝဲလ်တစ်ခု run လို့ မေးလာခဲ့ရင် ညာဘက်ကဟာကို နှိပ်ပေးပါ။ ရပါပြီ ဒေါင်းရန်

WINDOWS GENUINE NOTIFICATION ကို ဆော့ဝဲလ်မလိုဘဲဖြေရှင်းနည်း

ဒီဖြေရှင်းနည်းဟာ registry ထဲအထိ မလိုအပ်တာတွေကို လိုက်ဖျက်ရမှာဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ System Restore Point လုပ်ထားသင့်ပါတယ်… မလုပ်တတ်ဘူးဆိုရင်တော့ Start>>All Programs/Accessories/System Tools/System Restore ကိုသွားပြီး Creat လုပ်ပေးလိုက်ပါ။ နောက်တစ်ခုအနေနဲ့က Registry ကို backup လုပ်ထားပေးပါ။ ဒါကိုတော့ အောက်မှာပဲ ရှင်းပြပေးပါ့မယ်…။ ကဲ … လုပ်ငန်းစရအောင်… ၁။ ကွန်ပျူတာကို reset ချပြီး ပြန်တက်လာချိန်တွင် f8 ကိုနှိပ်ထားကာ SafeMode ကနေ၀င်လိုက်ပါ။ ၂။ My Computer ကိုဖွင့်ပြီး ၀င်းဒိုးတင်ထားတဲ့ Drive ထဲကိုဝင်ပါ။ များသောအားဖြင့်တော့ C: ခြမ်းမှာတင်တာများပါတယ်… တစ်ကယ်လို့ D: ခြမ်းမှာတင်ရင်လည်း D ပေါ့။ ပြီးရင် Windows/System32 ကိုဆက်သွားပါ။

Es File Explorer.3.0.3.apk Latest Version

Image
Es File Explorer.3.0.3.apk ဒါနောက်ဆုံးထွက် ver လေးပါ ဒီကောင်လေးက ဘာအတွက်သုံးရလဲဆိုတော့ အနော်တို့ playstore ကဒေါင်းထားတဲ့ apk တွေဟာ မန်မိုရီကဒ်ထဲမှာသွားရှာလည်းမရှိပါဘူး ဒါကြောင့် ဒီapk လေးသုံးပြီး မိမိ playstore က install လုပ်ထားတဲ့ apk လေးတွေကို backup လုပ်ပြီ apk ပြန်ထုပ်နိုင်ပါတယ်ပြီးရင် အခြားသူတွေကိုပြန်ရှယ်နိုင်ပါတယ် နောက်ပြီး 

မြန်လှပါတယ်ဆိုတဲ့ browser တွေထက် ပိုမြန်တဲ့ browser (One Browser V-4.1.2)

Image
တစ်ကယ်ကို မြန်ပါတယ်... စမ်းသုံးကြည့်စေချင်တယ်... အရင်မြန်ပါတယ်ဆိုတဲ့ browser တွေ တော်တော်များများ ကျွန်တော်သုံးဖူးပါတယ်... အဆင်မပြေပါဘူး... ဒီကောင်လေးကတော့ သုံးလိုက်ကတည်းက တော်တော်ကြိုက်သွားတယ်... ညွှန်းလှချည်လားလို့မပြောနဲ့

ကိုယ့်ဘလော့မှာတင်သမျှ post တွေကို facebook မှာ အော်တိုပေါ်စေချင်ရင်....

Image
အခုပြောပြမှာကတော့ ကိုယ့်ရဲ့ ဘလော့မှာ တင်သမျှပို့စ်တွေကို facebook မှာ ကိုယ့်ရဲ့ Timeline (သို့) Page တွေမှာ အော်တိုပေါ်စေချင်ရင် လုပ်တဲ့နည်းလေးပါ။ ၁။ http://www.networkedblogs.com/ ကိုသွားပြီးတော့ အကောင့်လုပ်လိုက်ပါ။ အောက်ပုံမှာပြထားသလို facebook အကောင့်နဲ့ ၀င်လိုက်ပါ။ ၂။ ၀င်ပြီးလို့ Dash board ကိုရောက်ပြီဆိုရင် Register A New Blog ကိုနှိပ်ပြီး ပေါ်လာတဲ့ ဘောက်ကလေးမှာ ကိုယ့်ဘလော့လိပ်စာ(Link)ကိုထဲ့ပြီး Next ကိုနှိပ်ပေးပါ။ ၃။ ပြီးရင်တော့ သူ့ရဲ့ Instruction အတိုင်းလိုက်လုပ်ပေးလိုက်ပါ။ ၄။ Author လားလို့မေးရင် Yes ကိုနှိပ်လိုက်ပါ။ ၅။ နောက်တစ်ဆင့်မှာ Ask friends to confirm you or Install the widget လို့မေးရင် ကြိုက်ရာကို လုပ်ပါ။ Ask friends ဆိုရင် facebook ထဲက သူငယ်ချင်းတွေကို invite လုပ်ပြီး confirm လုပ်ရမှာပါ။ Install the widget ဆိုရင်တော့ နောက်တစ်ဆင့်မှာ သူပေးတဲ့ကုဒ်ကိုယူပြီး blogger/layout ကိုသွားပြီး widget မှာ html/java ကိုယူ.... ပြီးရင်သူ့ကုဒ်ကိုထဲ့ပြီး save လုပ်ပေးလိုက်ပါ။ ပြီးရင် confirm လုပ်ခိုင်းလိုက်ပါ။ Syndication မှာ Add facebook target ကိုနှိပ်ပြီး

GameHacker.apk နှင့် အသုံးပြုနည်း

Image
GameHacker.apk ကတော့ ဂိမ်းတော်တော်များများကို အမှတ်ရော၊ ပိုက်ဆံပါ ဟက်လို့ရပါတယ်။ လုပ်နည်းလေး သိဖို့ပဲ လိုတာပါ။ ဒီပို့စ်ကလည်း မလုပ်တတ်သေးသူတွေ အတွက်ပါ။ လုပ်တတ်ပြီးသားသူတွေ ကျော်သွားပေါ့။ :D အရင်ဆုံးဖိုင်ကိုဒေါင်းပြီး ဖုန်းမှာ သွင်းလိုက်ပါ။ ပထမဆုံး GameHacker ဆော့ဝဲလ်ကို ဖွင့်ပြီး Super User access တောင်းရင် Accept လုပ်ထားလိုက်ပါ။ ပြီးရင် back ကိုနှိပ်ပြီးပြန်ထွက်ပါ။ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘက် အပေါ်နားမှာ ဂွပုံလေး ပေါ်နေပါလိမ့်မယ်။ ဒါဆိုသုံးလို့ရပါပြီ။ ဘယ်လိုသုံးမလဲဆိုတော့ ---- ၁။ ကိုယ်ဟက်မယ့် ဂိမ်းကိုဖွင့်ပါ။ ဂိမ်းမှာ ပိုက်ဆံ(အကြွေစေ့)မရှိသေးဘူးဆိုရင် နည်းနည်းလောက်ရအောင် ဆော့လိုက်ပါဦး။ ပိုက်ဆံ(အကြွေစေ့) နည်းနည်းရပြီဆိုရင် အောက်ကပုံထဲကလို အပေါ်က ဂွပုံလေးကိုနှိပ်လိုက်ပါ။  နှိပ်လိုက်ပြီးရင် ပုံထဲကလို (18) ရိုက်ထားတဲ့နေရာမှာ လက်ရှိ ပိုက်ဆံ ကို ထဲ့ပေးပါ။ ပြီးရင် Search ကိုနှိပ်ပါ။ ခဏစောင့်လိုက်ရင် အောက်ကပုံလို result ထွက်လာမယ်... OK နှိပ်ပေးလိုက်ပါ။  ပြီးရင် ဂိမ်းဆီကိုပြန်သွားပြီး ပိုက်ဆံ/ရွှေ နည်းနည်းထပ်ရအောင်ဆော့လိုက်ပါဦး... :) ပြီးသွားရင် စုစုပေါင်းရတဲ့ပိုက်ဆံကို မှတ်ထ

Eroot (Update Ver.1.2) update လေးပါ။

Image
 ဟိုရက်ကတင် ဗားရှင်းအဟောင်းလေး တင်ပေးထားပါသေးတယ်... အခု update ထွက်လို့ ထပ်တင်ပေးလိုက်ပါတယ်ဗျာ။ Unlock ကုဒ်မတောင်းဘဲနဲ့ ဖုန်းတော်တော်များများ root လို့ရတဲ့ Eroot လေးပါ။ version အသစ်ထွက်လို့ ထပ်တင်ပေးလိုက်ပါတယ်ဗျာ... << Download >> အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ...။

Cheatsheets-html.apk 37.73kb

Image
HTML စတင်လေ့လာသူတွေနဲ့ အပျော်တမ်း website ရေးသူတွေအတွက် Tag list Attributes Events Color Names Character Sets ASC II & etc.... အစရှိသဖြင့် လေ့လာလို့အဆင်ပြေမယ့် Apk လေးပါ။ အောက်ကပုံလေးတွေကို လေ့လာပြီး ကြိုက်တယ်ဆိုရင်  ဒေါင်းလိုက်နော်.....။ :)

ကိုယ်နားထောင်နေတဲ့သီချင်းကို ဂျီတော့ကသူငယ်ချင်းကို နားထောင်ခိုင်းချင်ရင်

Image
ကိုယ်နားဆင်နေတဲ့ သီချင်းကို ကိုယ်သူငယ်ချင်းတွေကိုလည်း နားဆင်စေချင်တဲ့ သူငယ်ချင်းအတွက် အဲဒီအတွက် သီချင်းဖွင့်မယ်ဆို windows Media Play နဲ့ဖွင့်ရပါမယ် ပြီးတော့ Windows Media Play>>>>>Tool>>>Options>>>Plug -ins>>>Backgroung အထိဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အမှတ်ပေးပြီးတော့ Ok လုပ်လိုက်ပါ  အဲဒါဆိုရပါပြီ တစ်ဖက်နားထောင်မယ်ဆို Gtalk call လုပ်လိုက်ပါ ကိုယ်က လက်ခံလိုက်ရင် ကိုယ်ဖွင့်ထားတဲ့သီချင်း တစ်ဖက်က ကြားရပါပြီ ကွန်နက်ရှင်ကောင်းရင် နားထောင်ရအဆင်ပြေပါတယ် credit to : အမျိုးကောင်းသား  

Ghost Area Hacking Magazine (March)

Ghost Area Hacking Magazine (March) International Hacking News Myanmar Hacking News Hacking Tutorial & etc..... >>> Download Here <<<

freedom-0.5.5

apk တွေကို full version ဖြစ်အောင် လုပ်တဲ့ဟာလို့ပြောတာပဲဗျ.... ကျွန်တော်တော့ အခုထိ မသုံးဖူးသေးဘူး။  စမ်းချင်ရင်တော့ စမ်းကြည့်ပေါ့။ ဖိုင်ဆိုက်ကတော့ 555 kb ပဲရှိပါတယ်... ဆောင်ထားပေါ့ဗျာ.. အသုံးဝင်ပါတယ်... >>> Download <<<

CoinDozerCracked

CoinDozer ကို ပိုက်ဆံများများနဲ့ ဆော့ချင်တဲ့သူတွေအတွက် crack ပြီးသားလေးပါ။ ပိုက်ဆံကတော့ သိပ်မများပါဘူး.... 999 သိန်းကျော်ကနေ စတာပါ။ ဘယ်တော့မှ အချိန်ထပ်စောင့်စရာမလိုတော့ဘူးပေါ့။ အချိန်မစောင့်ချင်လို့ system time လည်း သွားပြောင်းစရာမလိုတော့ဘူး။ အမုန်းဆွဲ ဗုံးကြဲပေတော့... >>> Download <<<

ShuameSetup 1.1.6

တရုတ်ဖုန်း ၊ Tablet နဲ့ Clone တော်တော်များများကို root လို့ရပါတယ်... တစ်ခြား အသုံးဝင်တဲ့ feature တွေလည်း ပါပါသေးတယ်... ဟိုတစ်နေ့က twz တစ်လုံး ဘယ်လိုမှ root မရလို့... တစ်ညလုံးစမ်းတာ ဒီကောင်လေးနဲ့မှ error ကင်းကင်းနဲ့ အဆင်ပြေသွားပါတယ်... Latest update လေး တင်ပေးလိုက်ပါတယ်... >>> Download <<<

Friendcaster Pro v5.3.3.2

Facebook ကို မိုဘိုင်းမှာ Friendcaster နဲ့သုံးတဲ့သူတွေအတွက် update လေးတွေ့လို့ တင်ပေးလိုက်ပါတယ်... သူလည်း တော်တော်လေး သုံးလို့ကောင်းပါတယ်... ဒီဗားရှင်းမှာ အရင်ဗားရှင်းထက် တော်တော်လေး အတက်မြန်လာပါတယ်.. ဒီ့ပြင်ဟာတွေလည်း ပါသေးတယ်... သုံးကြည့်လိုက်ပေါ့... Friendcaster Pro v5.3.3.2

Temple Run - 2 (coins hack)

Temple Run 2 ကို coins ဟက်တဲ့ကောင်လေးပါ။ Temple Run ဆော့တဲ့သူတွေအတွက် လိုချင်တာလေးတွေ ၀ယ်ပြီးဆော့လို့ရတာပေါ့... >>>Download<<<

Super SU Pro - V-1.00 (update)

Super SU Pro - V-1.00 (update) လိုအပ်သူများဒေါင်းထားလိုက်ပါ။ root device တွေအတွက်ပါ။ dropbox

Fake You (apk)

လုပ်ဆောင်ချက်တွေကတော့ နာမည်နဲ့လိုက်အောင်ပဲ message အတုပို့ခြင်း၊ ဖုန်း အတုခေါ်ခြင်း(incoming call and out going call) ၊ Fake balance ငွေစစ်ခြင်းကို ကြိုက်သလောက်ငွေပေးထားနိုင်ခြင်း(သူငယ်ချင်းတွေကို ပတ်လို့ရတာပေါ့) စတာတွေလုပ်လို့ရပါတယ်.. မက်ဆေ့ကိုလည်း အချိန်နဲ့ ဘယ်အချိန်ပို့ဆိုပြီး ပေးထားလို့ရပါတယ်.... သုံးချင်ရင် အောက်မှာဒေါင်းထားလိုက်ပါ... Dropbox Download

unlock code မလိုတဲ့ root toll အလန်း

root tool အလန်းဆိုလို့ ဘယ်လိုလန်းသလဲမမေးနဲ့... လန်းတာမှ 9 လောက်ရှိတယ်နော်... U8825D U8950D Xperia Arcs etc.... တော်တော်များများကို unlock code မတောင်းဘဲ root လို့ရတယ်နော်...

ယူနီကုဒ် အား ခဏတာ ကုတ်ကြည့်ခြင်း

အခုဆို google.com.mm သူများတွေကလိနေကြတော့ ကိုယ်လဲ ကလိချင်ဦးမှာပဲလေ ခက်တာက ယူနီကုဒ်ဖြစ်နေတာပဲ ဒီအတွက်ဖြေရှင်းနည်းလေးပါ အခုအများဆုံးသုံးနေကြကလဲ ဇော်ဂျီတွေပဲ ယူနီကုဒ်ကြီးလဲ မသွင်းချင်သေးဘူးဆိုတော့ အကောင်းဆုံးနည်းလမ်းမဟုတ်ပေမဲ့လည်း အလွယ်နည်းလေးတွေ့ထားတာလို့ ပြောပြပေးလိုက်ပါတယ်ခင်ဗျာ :)

All-In-One Toolbox (17 Tools)

Image
All-In-One Toolbox (17 Tools) တော်တော်များများတော့ လုပ်လို့ရတယ်နော်.... ကြိုက်ရင်ယူထားပေါ့... download from box  

Samsung Galaxy S3 ကို အလွယ်ဆုံး root မယ်

galaxy S3 ကို flash ပြီး root ရင် အလုပ်တွေရှုပ်လို့... ပြီးတော့ ဒေါင်းရတဲ့ဖိုင်တွေကလည်း ဆိုက်တွေကြီးတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် ... ဆိုက်သေးသေးနဲ့ အလွယ်ကူဆုံးဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်ဗျာ... အောက်ကပေးထားတဲ့ ကောင်လေးကို ဒေါင်းပြီး ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် အဲ့ဆော့ဝဲလ်ကိုဖွင့်ပြီး ဖုန်းထဲမှာတင် root လိုက်ပါတော့ဗျာ... 100% ကျိန်းသေတယ်နော်.. ဘာမှအလုပ်မရှုပ်ဘူး... လိုချင်ရင် အောက်မှာယူပါ။ S3 root tool

Internet Download Manager V-6.15 (Update)

Internet Download Manager V-6.15 (Update) Download manager update လေးတွေ့လို့ တင်ပေးလိုက်ပါတယ်ဗျာ... ဒီကောင်ကတော့ အထွေအထူး မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ အဆင်ပြေတဲ့နေရာကနေ ဒေါင်းလိုက်ပါ။ Mirror link: mirrorupload (or) sharebeast (or) zippyshare (or) sendspace

ပေါ့ပါးသွက်လက်တဲ့ Lightning Browser + v2.0.8 APK

Image
ဒီ Browser လေးက အရမ်းမိုက်လာပါတယ် ပေါ့ပါးပြီး သုံးရကောင်းပါတယ် Firefox တို့ Chrome တို့ထက်ကောင်းတယ်လို့ သူက ပြောထားပါတယ် ဒေါင်းရမယ့် ဖိုင်ဆိုဒ်ကလည်း 1MB တောင်မပြည့်ဘူး မိုက်တယ်... Download  :  200Kb APK Features the free version doesn't have Unlimited Tabs Unlimited Bookmarks Will have more features eventually Features: Holo Interface Supports Froyo to JellyBean Tabbed Internet Browsing Supports Adobe Flash Player Fast Start Times Small Footprint Fast Browsing Smooth Scrolling Higher Benchmarks than Chrome (tested on a Nexus 7) What's in this version :  (Updated : Mar 29, 2013) fixed a crash when searching from bookmarks changed bookmark UI slightly (hopefully it looks a little better) tweaked tab UI and some other UI related things added German language Required Android O/S :  2.2+ Screenshots :       credit to : aungkyaw.com

Viber account ကို verify code တောင်းလို့ မရဘူးဆိုတဲ့သူတွေအတွက်

Viber account ကို verify code တောင်းလို့ မရဘူးဆိုတဲ့သူတွေအတွက်ပါ။ ကျွန်တော်လည်း ပထမတုန်းက viber တင်ထားပါတယ်။ နောက် ဖုန်းကို firmware မြှင့်ပြီး viber ကုဒ်ပြန်တောင်းတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ လိုင်းမကောင်းဘူးထင်လို့ ဥာဥ့်နက်တဲ့ထိစောင့်ပြီးလုပ်တယ်။ မရဘူး။ ဒါနဲ့ပဲ မလုပ်ဘဲဒီတိုင်းထားလိုက်တာပါ။ အခုမှ လိုင်းပေါ်ကသူငယ်ချင်းတွေက အဲလိုလုပ်ကြည့်ဆိုလို့လုပ်လိုက်တာ တန်းနေတာပဲဗျ။ အခုနည်းက ကွန်ပျူတာနဲ့လုပ်တာပါ။ အရင်လို viber ကို ဖုန်းထဲကနေမ၀င်ဘဲ ကွန်ပျူတာကနေ အောက်ကလိပ်စာကို သွားပြီး လိုအပ်တာလေးတွေ ဖြည့်ပေးလိုက်ပါ။ http://activate.viber.com/viber/activate_user.html ပြီးရင် continue ကိုနှိပ်ပါ။ နောက်တစ်မျက်နှာကိုရောက်ရင် get code ကိုနှိပ်ပေးလိုက်ယုံပါပဲ။ တစ်ခုသတိထားရမှာက ဖုန်းနံပါတ်ရဲ့ရှေ့မှာ 09 ကို 0 ဖြုတ်ပြီး 9 ကနေစထဲ့ဖို့ မမေ့ပါနဲ့။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က 09420246773 ဆိုပါတော့ဗျာ။ အရှေ့က သုညကိုဖြုတ်ပြီး 9420246773 လို့ထဲ့ပေးရမှာပါ။ getcode ကိုနှိပ်ပြီးတာနဲ့ ချက်ချင်း ဖုန်းဝင်လာပါလိမ့်မယ်။ ဖုန်းမှာ အင်တာနက်လည်း ဖွင့်ထားစရာမလိုပါဘူး။ ကုဒ်ရပြီဆိုမှ အင်တာနက်ဖွင့်ပြီး viber ကိုဝင် ကုဒ်နံပါတ်ကိုရိုက်

App Lock..

thinkyeah studio ကပဲထုတ်တာပါ sms lock ထက်ကောင်းပါတယ် ကြိုက်တဲ့ application ကို lock ချလို့ရပါတယ် သုံးနည်းတော့ မပြောတော့ဘူးဗျာ စမ်းကြည့်လိုက်ကြ message အပြင်တစ်ခြား system app တွေကို ပါ lock ချလို့ရတယ် android အတွက်နော်  Download from box

Mozilla Firefox pro For Android (update)

Android မှာတော့ firefox browser က သိပ်မဆိုးလှဘူးဗျ .... firmware ဗားရှင်းအမြင့်တွေမှာ မူရင်းပါတဲ့ browser နဲ့ဖွင့်ရင် မြန်မာစာ လွဲတာတော်တော်များများကြုံရတယ်.... firefox နဲ့ဖွင့်မှ အဆင်ပြေတာကို တွေ့ရပါတယ်... အခန့်မသင့်ရင် crash ဖြစ်တတ်ပေမယ့် ကျွန်တော်ကတော့ ကြိုက်တယ်.... လိုချင်ရင်တော့ ဒေါင်းထားလိုက်ပေါ့..... update လေးတွေ့လို့ တင်ပေးလိုက်တာပါ.... Download from box.com (or) Download from dropbox  

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

Image
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။ http://www.youtube.com/ feather_beta အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ -- Aung Kham (TSJ team) -- http://blog.techspace.com.mm/ 2013/02/youtube.html အေးချမ်းမွန်မှ TechSpace Journal Facebook တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

Sanity Donate Pro & Free Apk (474KB)

Image
Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Sanity ဆော့ဝဲလေးကိုမရှိမဖြစ်ဆောင်ထားသ င့်ပါတယ်။ ဒီဆော့ဝဲလေးတစ်မျိုးထဲနဲ့ ဖုန်းကို ကိုယ်မကိုင်ဖြစ်ရင် auto ဖြေပေးမယ့် Auto Answer, ကိုယ်မကိုင်ချင်တဲ့ ဖုန်းအ၀င် call တွေကို block ထားနိုင်မယ့် Call BlackList, ဖုန်းခေါ်ထားရင်းနဲ့ တစ်ဖက်လူက ဖုန်းကိုင်လိုက်တာနဲ့ ကိုယ့်ဖုန်းဘက်မှာ vibrate တုန်ခါသွားစေမယ့် Urgent Call , ဖုန်းပြောနေစဉ် နားနားကနေခွာလိုက်တာနဲ့ ဖုန်း speaker ကို auto ဖွင့်ပေးမယ့် automatic speakerphone, ကိုယ်ပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်နဲ့ record လုပ်ထားနိုင်မယ့် call record , နားနဲ့ကပ်ပြီးဖုန်းပြောနေစဉ် ကိုယ့်ဦးနှောက်ကို ဖုန်းကထုတ်လွှတ်တဲ့ bluetooth , 3G Internet စတဲ့လိုင်းတွေကြောင့်မထိခိုက်အောင် ခဏတာ auto ပိတ်ပေးထားမယ့် reduce electromagnetic waves စတဲ့ features အလန်းပေါင်းများစွာပါဝင်ပါတယ်။ https://play.google.com/ https://play.google.com/ မှာလေ့လာပြီး အသုံပြုမယ်ဆိုရင် အောက်က link မှာရယူနိုင်ပါတယ်။ Download>>>> http://adf.ly/JdBFQ (or) http://adf.ly/JdB55 Pro ရော Free ပါ နှစ်ခုလုံးထည့်ထားပါတယ် ကြို

ဖုန်းအားလုံးကို လွယ်လွယ်လေး Unlock Bootloader လုပ်မယ်.......

Image
ကဲအားလုံးအတွက်ဖုန်းအားလုံးကို Unlock Bootloader လုပ်လို့ရမဲ့ Tool Kit လေးတစ်ခုရေးပေးလိုက်ပါတယ်...... . ဒီ Tool လေးကိုဒေါင်းလိုက်ပါ.... http://d-h.st/bdI ပြီးသွားရင်တော့ အသုံးပြုပုံလေးကို ရေးပေးလိုက်ပါတယ်.. အရင်ဆုံး All In One Unlock Tool ကို Run လိုက်ပါ...... ကိုယ်လုပ်ချင်တဲ့ဖုန်းအမျိုးအစားကို ရွေးလိုက်ပါ.. Huawei ကိုလုပ်မယ်..ဆိုရင် 1 ကို နှိပ်ပြီး Enter ခေါက်လိုက်ပါ..... ပြီးသွားရင်တော့ Code တောင်မရသေးတဲ့သူတွေက Code သွားတောင်းလို့ရပါတယ်... 1. ကို နှိပ်ပြီး တရုတ်ဆိုဒ်မှာတောင်းတောင်း 2. ကို နှိပ်ပြီး English ဆိုဒ်မှာတောင်းတောင်းရပါတယ်... Unlock Code ရှိပြီးရင်တော့ 3 ကိုနှိပ်လိုက်ပါ.... ပြီးရင် Unlock Code 16 လုံးရိုက်ပြီး Enter ခေါက်လိုက်ပါ... ဖုန်းကိုတော့ Fastboot အနေအထားမှာထားရမှာနော်... ဒါတော့ Huawei တွေအတွက်ပါ....... Sony တွေအတွက်ကိုထပ်ကြည့်ရအောင်နော်. .. 2 ကို နှိပ်လိုက်ပါ..... Unlock Code မရသေးတဲ့သူတွေက 1 ကိုနှိပ်ပြီး Enter ခေါက်ပါ.... Unlock Code ပေးတဲ့ Sony Site ကို ရောက်ပါတယ်..... Imei ကို နောက်ဆုံးတစ်လုံးဖြတ်ပြီး

Blogger တွေ အတွက် မိမိတို့ရဲ့ Blog Page လေးတွေကိုအလှဆင်နိုင်ဖို့အတွက်ပါ။

Blogger တွေ အတွက် မိမိတို့ရဲ့ Blog Page လေးတွေကိုအလှဆင်နိုင်ဖို့အတွက်ပါ။ Gadget ပေါင်း 328387 တောင်စုစည်းထားတယ်ဆိုပဲဗျ News Tools Communication Fun & Games Finance Sports Lifestyle Technology အစုံပဲဗျာ။ http://www.google.com/ig/ directory?synd=open

gtalk မှာ group ချက်မယ်

Image
သူငယ်ချင်းတို့ Gtalk မှာ Chat group နဲ့ ချက်လို့ရပါတယ် ဗျ ကဲ လုပ်ပုံ လုပ်နည်းလေးတင်ပီးအိပ်တော့မယ်ဗျာ :P > ပထမ ချက် Group ထောင်ချင်တဲ့လူရဲ့ G - talk အကောင့်မှာ ဒီ အကောင့်ကို အက်ပေးပါ... အဲမှာ အကောင့် နာမည်က ကိုယ်ကြိုက်တာပေးလို့ရပါတယ် ဗျ ဥပမာ ပေးပြထားတယ်နော် vodakar.allpeople@im.partych.a t <<< vodakar နေရာမှာကိုယ်ကြိုက်တာရိုက်ပေါ့ နော် > ပီးရင် တော့ ကိုယ် လုပ်ထားတဲ့ Group ထဲ ထည့်ဖို့ အဲ Group မှာ Invite လုပ်ပေးရပါမယ်.... ဥပမာ - > vodakar.allpeople@im.partych.a t ဆိုတဲ့ အထဲမှာ ဒီ Command ကိုရိုက်ရမှာပါ ... ( > /invite onlineking444@gmail.com ) အဲတာဆို ကိုယ်ရိုက်လိုက်တဲ့ အကောင့်က Group ထဲကို Invite လုပ်ပီးသာဖြစ်သွားပါပီ > အဲမှာ Command တွေက အားကြီးပါ သိချင်ရင် ဒီ Command ရိုက်ပီးကြည့်နိုင်ပါတယ် ( > /help ) ကဲ အားလုံးပဲ Group ထဲမှာ ပျော်ရွှင် ကြပါစေ ဗျား Admin by :::: Emc VoDa Kar

8mm Vintage Camera For ISO 3MB

Image
ရှေးခာတ်ဓာတ်ပုံ ပုံစံလေးဖြစ်ချင်တဲ့သူတွအတွက် အခု App ကိုအသုံးပြုပြီး ကင်မရာရိုက်နိုင်ပါတယ် https://itunes.apple.com/app/ 8mm-vintage-camera/id406541444 မှာ1.99 ဒေါ်လာပေးရတဲ့App ပါ အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် http://www.amyokaungtarr.com/ 2013/02/ 8mm-vintage-camera-for-iso-3mb. html

SRS Root -One Click Root tool (Support Android version 1.5 to 4.2) 5MB

Image
Android version 1.5 ကနေ နောက်ဆုံး Android version 4.2 အထိရှိတဲ့ဖုန်းတော်တော်များများ ကို root လုပ်နိုင်မယ့် SRS Root -One Click Root tool ကိုတင်ပေးလိုက်ပါတယ်။ One Click tool ဖြစ်တာကြောင့် root လုပ်ဖို့လဲလွယ်ကူပါတယ်။ SRS Root- One Click Root tool ကိုအောက်က link မှာရယူနိုင်ပါတယ်။ http://www.amyokaungtarr.com/ 2013/02/ srs-root-one-click-root-tool-su pport.html SRSRoot Supports Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 Can Root latest models like Samsung Galaxy S2 / S3, Note / Note2 etc An Option to remove root from your device by one-click.

Iphone လေးကို ကိုအော်စေချင်သလိုအော်ခိုင်းရအောင်

သင့် Iphone ကနေ ချစ်စရာ မပီကလာပီကလာအသံလေးနဲ. (ဥပမာ= 09×××××××ကောင်းမြတ် ဖုန်းလာနေတယ်)လို.ပြောခိုင်းကြရ အောင် လွယ်လွယ်လေးပါ။ Jailbreak လုပ်ထားတဲ့ ဖုန်းဆိုရပါတယ်။ ပထမဆုံး Cydia ကနေ IcallAnnounce ကိုဆွဲရပါမယ် cydia>search မှာ icall လို.ရိုက်လိုက်တာနဲ. IcallAnnounce ကျလာမှာပါ နှစ်သက်ရာကဆွဲလိုက်ပါ။ ဆွဲပြီပြီဆိုရင်တော့ setting>IcallAnnounce မှာ Announce After Name နောက်မှာ is calling ဆိုတာကိုပြင်ရမှာပါ။ is calling အတိုင်းထားမယ်ဆိုရင်တော့ 091234567 အစ်စ်ကောလင်း ပြီးရင် ring tone လာပါလိမ့်မယ်။ ဥပမာ=is calling နေရာမှာ kaung myat phone lar nay tal လို.ပြင်လိုက်ရင်တော့ 091234567 ကောင်းမြတ်ဖုန်းလာနေတယ် လို.ပြောပြီး ringtone မြည်လာမှာပါ။ မှတ်ချက်=is calling နေရာ မှာ မိမိစိတ်ကြိုက်ပြင်ရန် မြန်းကလိပေါ့ sms မှာလည်းဒီလိုပါပဲ Announce Before Name sms from နေရာမှာ စိတ်ကြိုက်ပြင်လိုက်ပါ။(ဥပမာ=ka ung myat sar lar nay tal လို.ပြင်လိုက်လျင် ကောင်းမြတ်စာလာနေတယ် 091234567 ဆိုပြီ sms ကပါတဲ့ Text တွေရွတ်ပြပါလိမ့်မယ်

NTLDR ပျောက်ဆုံးသည့်ပြဿနာ

Image
NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပြီး Windows NT ကို တက်အောင်ကူညီပေးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် NTLDR  Program File သည် Hard disk မှ ပျောက်ဆုံးသွားခဲ့ပါက ကွန်ပျူတာကို Window အသစ်တင်သည့်အခါတွင်  Windows တက်လာမည်မဟုတ်ပါ။ Windows XP သည် NTLDR ကို အသုံးပြုထား သည့်အတွက် NTLDR ပျောက်သွားသည့်အခါ Windows XP လည်းတက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွန်ပျူတာတွင် NTLDR ပျောက်ဆုံးသွားပါက Boot လုပ်တဲ့အချိန်တွင် NTLDR is missing Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်လာခြင်း မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ- ၁။ Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။ Window တင်ရာ တွင် BIOS မှ မှားယွင်းကြေငြာမိခြင်း။ ၂။ Boot မလုပ်ပေးနိုင်သော နေရာမှနေ၍ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။ ၃။ Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။ NTLDR ပျက်ခြင်း နှင့် NTDETECT.COM ဆိုသည့်ဖိုင်နှစ်ခုမှ တစ်ခုပျက်စီးပျောက်ဆုံးသွားခြင်း။ ၄။ Hard Disk အသစ်တစ်လုံးအား ကွန်ပျူတာတွင်ထပ်မံ၍ တပ်ဆင်အသုံးပြုထာားမိခြင်း။ Har

ကိုယ်ပိုင် Proxy ဆာဗာတခု တည်ဆောက်မယ်

Image
Create your own Proxy server ! မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာမိသားစုဝင် တော်တော်များများ ကြုံတွေ့နေရတဲ့ ကျော်ခွရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီနေ့ ကျွန်တော် ကိုယ်ပိုင် Proxy Sever တည်ဆောက်ခြင်း ဆိုတဲ့ အကြောင်းလေးကို ကိုဖိုးလပြည့်ရဲ့ ဆွေးနွေးချက်နောက်ကနေ ဖြည့်စွက် ဆွေးနွေး ပေးသွားချင်ပါတယ်။ Technical Knowledge ဘာမှ သိဖို့ မလိုပါဘူး – ဟိုထည့်ဒီထည့် စာရိုက်တတ်ရင် ရပါပြီ။ တကယ်တော့ Proxy Sever တစ်ခု တည်ဆောက်တယ် ဆိုတာ ထင်သလောက်ကြီး ခက်ခက်ခဲခဲ မရှိပါဘူး – ကျွန်တော်တို့ နေ့တိုင်း သုံးနေကျ Google search ကိုသုံးပြီး ရှာလိုက်ရင် proxy servers တွေကို တည်ဆောက်နိုင်ဖို့ သိပ်အသုံးတည့်တဲ့ PHP scripts တွေ အင်တာနက်ထဲမှာ မရေမတွက် နိုင်လောက်အောင် တွေ့ရှိနိုင်ပြီး ခဏချင်းလဲ proxy servers တွေကို မိနစ်ပိုင်းအတွင်း တည်ဆောက်နိုင်ပါတယ်။ ကန့်သတ်ချက် တစ်ခု ရှိတာက PHP ပေါ်မှာ အခြေခံထားတဲ့ Proxies တွေဆိုတာ proxy scripts တွေကို host လုပ်ထားနိုင်ဖို့ web server တွေလိုအပ်ပြီး – ကိုယ့်ရဲ့ proxy site ကို အသက်သွင်းနိုင်ဖို့ အတွက် domain name တစ်ခုလည်း မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ

Windows 7 Genuine Remover

ဒီဆော့ဝဲလ်လေးက အခုအဖြစ်များနေတဲ့ Windows 7 Genuine ပြဿနာအတွက် အစ်ကိုတစ်ယောက်နဲ့ ညီတစ်ယောက် တောင်းထားလို့ ကွန်နက်ရှင်မကောင်း၊ မီးပျက်နေတဲ့ကြားထဲက ကြိုးစားပြီး upload လုပ်ပေးလိုက်တာပါ။ windows xp တုန်းကလဲ ကျွန်တော် တင်ပေးခဲ့ဖူးပါတယ်.. Genuine ဆိုတာက ဘာကြောင့်ဖြစ်လဲဆိုတော့ automatic windows update ကို enable ထားမိလို့ပါ။ အဲလိုထားလိုက်တဲ့အခါကျတော့ အင်တာနက်ဖွင့်တာနဲ့ ၀င်းဒိုးက လိုအပ်တဲ့ update ကို ဒေါင်းလုတ်ဆွဲပါတယ်... ကျွန်တော်တို့ သုံးနေတဲ့ ၀င်းဒိုးတွေက crack version တွေဖြစ်တဲ့အခါကျတော့ update လုပ်တဲ့အချိန်မှာ လိုင်စင်က disable ဖြစ်ပြီး Genuine ပြတော့တာပဲ.... အခုတင်ပေးတဲ့ ကောင်လေးက loader မဟုတ်ပါဘူး... Remover ဖြစ်တဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ဗျာ.. windows xp သမားတွေအတွက်လဲ လိုအပ်ရင် ဘလော့ထဲမှာ လိုက်ရှာကြည့်လိုက်ပါ... အားလုံးပဲ အဆင်ပြေကြပါစေ... <<<  Download >>>

gmail အကောင့် ၁၀၀၀ လောက်ဖွင့်မယ်......

တစ်ကယ်တော့ ကျွန်တော်တို့တွေ နီးရက်နဲ့ဝေးနေကြတာပါ။ gmail ဖွင့်ဖို့ ဘာမှမခက်ပါဘူး...။ google က မြန်မာနိုင်ငံရဲ့ ဖုန်းတွေကို အထောက်အပံ့ပေးနေပါပြီ။ အရင်ကတော့ထားပါတော့၊ အခုတော့ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ပြီဆိုတော့ ဒီနည်းလေးက အသုံးဝင်မှာပါ။ အဲဒါကတော့ gmail အကောင့်ကို ဖွင့်နေကျအတိုင်းဖွင့်လိုက်ပါ။ ဖုန်းနံပါတ်ထဲ့ရမယ့်နေရာရောက်ရင် မြန်မာနိုင်ငံကိုရွေးပြီး နံပါတ်ကို

Huawei U8660 ကို root မယ်

မသိသေးတဲ့ ညီအကိုများ   u8660 အတွက်အခက်အခဲရှိရင် သုံးရအောင်လို့တင်ပေးလိုက်တာပါ အရင်ဆုံးဒါလေးကိုဒေါင်းပြီး sd card ထဲကိုထည့်ပါ http://www.mediafire.com/?7eehnptwgt573g9 ပြီးရင်ဒီ recovery rar file လေးကိုထပ်ဒေါင်းပါ http://www.mediafire.com/?ev1ia7f2a9j7f8d ပြီးရင်တော့ recovery rar ဖိုင် လေးကိုဖြည်ထုတ်လိုက်ပါ အထဲက recovery exe ဖိုင်လေးကိုrun လိုက်ပါ ပြီးရင်ဖုန်းကို USB debugging နဲ့ Unknown sources ကို on ထားပြီး pc နှင့်ချိတ်ပါ ပြီးရင်တော့ enter နှိပ်ပြီး ဆက်သွားပါ အားလုံးပြီးအောင်run ပြီးသွားရင်တော့ ဖုန်းကို battery ဖြုတ်ပြီး ခဏထားပါ ပြီးရင် battery ပြန်တပ်ပြီး vol up + power key ကိုနှိပ်ပြီး recovery ဝင်ရပါမယ် ပြီးရင်တော့ update.zip လေးကို သွားပြီး install လုပ်ပေးလိုက်ပါ  ပြီးသွားရင်တော့ သင့်ဖုန်းထဲမှာ superuser လေးရောက်နေမှာပေါ့ဗျာ အားလုံးအဆင်ပြေပါစေဗျာ                     (ကျွန်တော်စမ်းသပ် အောင်မြင်ပြီးသားပါ) ဘာမှတော့မတတ်ပါဘူး အရမ်းရေးချင်လို့ရေးလိုက်တာပါ http://mm-mpxteam.net/ ကို credit ပေးပါတယ်ဗျာ.... ဘာမှမပြောင်းပါဘူး... သူ့အထဲကအတိုင်း ကူးထည့်ပေးလိုက်တာပါ