ကျွန်တော်ထံသို့  အခုတစ်လော ဆက်သွယ်မေးမြန်းလာတဲ့ စာတော်တော်များများမှာ Firmware Update လုပ်လိုက်ပြီးနောက် Activation အဆင့်ကို ကျော်လို့ မရလို့  မေးမြန်းထားထာတွေကို တွေ့ ရပါတယ်၊ ဒါ့ကြောင့်... iOS 5.1 (သို့ ) 5.1.1 ထည့်သွင်းထားပြီး Activation အဆင့်ကို မကျော်လွန်နိုင်သော iPhone 4S, 4, 3GS တို့ အတွက် Computer မလို SIM Card, Jailbreak ဖြစ်ရန် ရှိရန် မလိုပဲ iPhone မှာတင် Activation အဆင့်ကို ကျော်လွန်နိုင်မယ့် Bypass Trick နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။ ယခုဖော်ပြမည့် အကြောင်းအရာကို လုပ်ငန်းမစတင်မီ ဦးစွာ နားလည်အောင် ဖတ်ရှုစေလိုပါတယ်၊ Video Tutotial ကိုလည်း တစ်ပါတည်း တင်ပြပေးထားပါတယ်။ **အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတွက် လက်လျှင်ရန်တော့ အနည်းငယ် လိုပါလိမ့်မယ်...** လုပ်ငန်းစဉ် အဆင့် ၁) Activation Screen တွင် ပေါ်နေသော " configure " ကို slide ဆွဲ၍ဖွင့်ပါ။ အဆင့် ၂) ပေါ်လာသော Buttom များ၏ အောက်ဆုံးရှိ " Cancel " ကို နှိပ်ပြီး ချက်ချင်း " Home " button ကို ပြန်နှိပ်ပါ။ အဆင့် ၃) ဒီအခါတွင် " Emergency Call " button ကို နှိပ်ပြီး မိမိနိုင်ငံ...