ကျွန်တော်တို့ရွှေမြန်မာများအတွက်proxy ကျော်ပြီး ကြည့်နိုင်ဖို့ပါ

ကျွန်တော်တို့မြန်မာနိုင်ငံမှာ blogspot(blogger) မှ ပြုလုပ်ထားသော ဘလော့ဆိုက်များအား ၀င်ကြည့်လို့မရပါဘူး။ အဲဒီလိုမျိုးပိတ်ထားတဲ့ဆိုက်တွေအတွက် proxy ဆိုက်တွေကို နောင်နှစ်မည်မျှအထိအားကိုး နေရဦးမည်မသိပါ။ ဒီလိုဆိုက်တွေကိုဝင်ကြည့်နိုင်ဖို့ proxy ဆိုက်လေး တစ်ခုမျှဝေလိုက်ပါတယ်။ ဒီဆိုက်ကိုတော့ မြန်မာနိုင်ငံကနေ ပိတ်ထားတာမတွေ့ရသေးပါဘူး။ နောက်ပြီး ဒီဆိုက်ဟာ တော်တော်များများကိုကျော်ဝင်နိုင်ဖို့အဆင်ပြေပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ၀င်ကြည့်ရတာပဲ။ သူငယ်များလည်းအဆင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆိုက်နာမည်က polysolve တဲ့။ ကဲ .... ၀င်ကြည့်လိုက်ကြရအောင်နော်။

ပထမဆုံး ဒီကို  နှိပ်ပါ။ polysolve ထဲရောက်သွားပြီဆိုရင် ပထမဆုံးမြင်ရမှာကတော့ game ဘောက်တစ်ခုပါ။
အဲဒါကို ညာဘက် အပေါ်နားက ကြက်ခြေခတ် နေရာလေးကိုနှိပ်ပြီးပိတ်ပေးလိုက်ပါ။ ပြီးရင် mouse မှ ဘီးလုံးကို လှိမ့်ပြီးအောက်ကိုဆင်းလိုက်ပါ။ game box မပေါ်ရင်တော့ အဲဒီအဆင့်ကလုပ်စရာ မလိုဘူးပေါ့။  အောက်ကို ရောက်ရင် အဲဒီမှာ search box ပုံစံတစ်ခုတွေ့ပါမယ်။ ကိုယ်ဝင်လိုက်လို့ access denied ပြနေတဲ့ဆိုက်လိပ်စာကို copy ကူးယူပြီး အဲဒီဘောက်ထဲမှာထည့်လိုက်ပါ။ ပြီးရင် ဘေးက begin solving ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သင်သွားချင်တဲ့ဆိုက်ကို proxy မပြောင်းပဲနဲ့ကျော်ဝင်လို့ရပါပြီ။ တစ်ခုဆိုးတာက အဲဒီကနေ၀င်ကြည့်ရင် ကြည့်လို့တော့ရတယ်။ အကောင့်ဖောက်ပြီး member ၀င်လို့တော့မရဘူးနော်။ အဲဒီလို member ပါ ၀င်ချင်ရင်တော့ နောက်ပို့စ် မှာ browser ကနေ proxy ကျော်တဲ့အကြောင်းကို ရေးပေးပါ့မယ်။
အဆင်ပြေနိုင်ကြပါစေ။

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း