Posts

Showing posts from November, 2014

Data plan ဆိုတာ

Image
သူငယ်​ချင်းတစ်​​ယောက်​က​မေးတယ်​ဗျ 1 MB ကို ဘယ်​နှမိနစ်​ သုံးရလဲတဲ့။ ကျွန်​​တော်​လည်း ​တော်​​တော်​​လေး အ​ဖြေရကျပ်​သွားတယ်​။ kb, mb, gb တို့ဆိုတာ data ကိုတွက်​တဲ့ unit တစ်​ခုဖြစ်​တယ်​ဆိုတာ ရှင်းပြ​ပေမယ့်​ သူက အဲ့လိုပဲ ထပ်​ထပ်​​မေး​နေတယ်​ဗျ။ အဲ့ဒါနဲ့ ကျွန်​​တော်​လည်း ပြန်​​မေးလိုက်​တယ်​ အဲ့ဒါဆိုကွာ လို့၊ တစ်​မိုင်​မှာ နို့ဆီဗူး ဘယ်​နှလုံးရှိလဲလို့။ သူနဲနဲတင်းသွားတယ်​ဗျ။ တစ်​မိုင်​နဲ့ နို့ဆီဗူး​တွေ ပြည်​​တွေနဲ့ ဘာဆိုင်​လို့လဲဟ တဲ့။ အဲ့​တော့မှ ကျွန်​​တော်​လည်း ပြန်​ရှင်းပြရတယ်​။ အဲ့လိုပဲ​လေကွာ၊ မိနစ်​နဲ့ ​ဒေတာ ဘာမှမှ မဆိုင်​တာလို့။  အဲ့လို​ပြော​တော့မှ နဲနဲ နားလည်​သွားပုံရတယ်​ဗျ။ ​နောက်​မ​မေး​တော့ဘူး။ :-) ဒါ​ကြောင့်​မို့လို့ ​ဒေတာယူနစ်​ အ​သေးစိတ်​ကို ဗဟုသုတအ​နေနဲ့ မှတ်​သားလို့ရ​အောင်​ တင်​​ပေးလိုက်​ပါတယ်​ဗျာ။ ​အောက်​ကပုံမှာသာ ကြည့်​ကြ​ပေ​တော့...... သူက​တော့ ကွန်​ပျူတာ ​ဒေတာစနစ်​လို့ဆိုထားတယ်​ဗျ။ ​ယေဘုယျ အားဖြင့်​​တော့ မိုဘိုင်း​ဒေတာလည်း အတူတူပါပဲ။ ဒါ​ပေမယ့်​ 1024 နဲ့မတွက်​ဘဲ 1000 နဲ့တွက်​တာလည်းရှိသတဲ့။

Data plan နှင့်​ အင်​တာနက်​သုံးလျှင်​ bill အများကြီးမကုန်​​အောင်

Ooredoo တို့ Telenor တို့ လိုင်း​ကောင်းတဲ့အခါကျ​တော့ လူသုံးကလည်းများလာတယ်​။ ဒါ​ပေမယ့်​ ဆိုးတာက data plan နဲ့ ပိုက်​ဆံ​ကောက်​တာပဲ။ ကျုပ်​တို့​တောသား​တော်​​တော်​များများက data plan ဆိုတာ ဘာမှန်း​တောင်​သိတာမဟုတ်​ဘူး​လေ။ အဲ့ဒီ​တော့ ​တွေ့သမျှ​ဆော့ဝဲ​တွေ​လျှောက်​တင်​ ဖွင့်​ချင်​တာ​လျှောက်​ဖွင့်​ပြီး ဖုန်း​ဘေလ်​က ပြိုက်​ခနဲ ပြိုက်​ခနဲ ဖြစ်​​နေ​တော့တာ​ပေါ့။ အဲ့လို မလိုအပ်​တာ​တွေမကုန်​ဖို့ နည်း​လေးတစ်​ခု​ပေးမယ်​ဗျာ။ ဘာ​ဆော့ဝဲမှလည်းမလိုပါဘူး။ ၁။ setting ထဲကိုသွားပါ။ ၂။ android version 4.3 ​အောက်​ဖုန်း​တွေဆို data usage , 4.3 နှင့်​ အထက် ဖုန်း​တွေဆို Network app ထဲကိုဝင်​ပါ။ ၃။ ​ရောက်​ပြီဆိုရင်​ menu key ကိုနှိပ်​ပြီး restrict mobile background data ဆိုတာကို အမှတ်​ခြစ်​ပြီး ok လုပ်​​ပေးလိုက်​ပါ။ ဒါဆိုရင်​ ​နောက်​ကွယ်​က app ​တွေအားလုံး မိုဘိုင်း​ဒေတာကို ယူမသုံး​တော့ပါဘူး။ ကိုယ်​သုံး​နေတဲ့ app တစ်​ခုကပဲ ​ဒေတာကိုယူသုံးမှာဖြစ်​တဲ့အတွက်​ အကုန်​အကျ သက်​သာသွားတာ​ပေါ့ဗျာ။ အဆင်​​ပြေကြပါ​စေ ဆြာပိ

နောက်​ပိုင်း android version အမြင့်​ ဖုန်း​တွေမှာ flash light call မရတာ

နောက်​ပိုင်​ android version အမြင့်​နဲ့လာတဲ့ဖုန်း​တွေမှာ flash alert ဖြစ်​တဲ့ ဖုန်းလာရင်​ မီးလင်းတဲ့​ဆော့ဝဲလိုမျိုးဟာ​တွေ ခဏပဲသုံးလို့ရပြီး ပြန်​ပြန်​​ပျောက်​သွားတာကို ​ဖြေရှင်းဖို့ ​အောက်​ကနည်းအတိုင်း လုပ်​ကြည့်​လိုက်​ပါ။ ၁။ ကိုယ်​ကြိုက်​တဲ့ flasg ligh ​ဆော့ဝဲကိုတင်​လိုက်​ပါ။ ၂။ ပြီးရင်​ system setting ထဲက startup manager ထဲကိုသွားပါ။ ပြီးရင်​ အဲ့​ဆော့ဝဲကို အမှတ်​ခြစ်​​ပေးပါ။ ၃။ ပြီးရင်​ permission manager ကိုသွားပြီး ထို​ဆော့ဝဲကိုနှိပ်​ပါ။ ​ပေါ်လာတဲ့​ဘောက်​ရဲ့ အ​ပေါ်ဆုံးက Trust this app ဆိုတာကို အမှတ်​ခြစ်​ပါ။ ၄။ accessibility ထဲကိုသွားပါ။ service ဆိုတဲ့​အောက်​မှာ flash alert စသဖြင့်​ ​တွေ့ပါမယ်​။ နှိပ်​ပြီး​တော့ on ​ပေးလိုက်​ပါ။ Android version 4.3 နဲ့အထက်​မှာ အဖြစ်​များတာမို့လို့ 4.3 နဲ့ပဲ နမူနာ​ပြောပြတာပါ။ အထက်​ပါအဆင့်​​တွေကိုလုပ်​​ပေးလိုက်​ရင်​ ဖုန်း​တော်​​တော်​များများမှာ​တော့ အဆင်​​ပြေသွားပါလိမ့်​မယ်​။ call recoder လို ​ဆော့ဝဲမျိုး​တွေကိုလည်း အဲ့ဒီလို လုပ်​​ပေးရင်​ အဆင်​​ပြေပါတယ်​။ အားလုံးပဲ အဆင်​​ပြေကြပါ​စေဗျာ ဆြာပိ

Zapya နဲ့ကူးပြီး sdcard ထဲမှာရှာမ​တွေ့ရင်

Zapya နဲ့ကူးထားပြီး sdcard/zapya ဆိုတဲ့ဖိုဒါထဲမှာ ရှာမ​တွေ့ခဲ့ရင်​ Storage/sdcard/android/data/com.dewmobile/kaiya အဲ့ဒီထဲမှာ ရှိပါတယ်​ ခဏခဏ​မေးကြလွန်းလို့ :-)

ဖျက်​လို့မရ​သော google acc ကို root explorer သုံး၍ဖျက်​နည်း

Samsung ဖုန်း​တွေမှာ ပထမဆုံးဝင်​ထားတဲ့ google account ​တွေကို ပြန်​ဖျက်​လို့ မရပါဘူး။ အဲ့လို့ဖြစ်​ခဲ့ရင်​ ​အောက်​ကနည်းအတိုင်း ဖျက်​လို့ရပါတယ်​။ Root explorer ​ဆော့ဝဲကိုတင်​ပြီး ဖွင့်​လိုက်​ပါ။ super request ​မေးရင်​ allow or grant လုပ်​​ပေးလိုက်​ပါ။ ပြီးရင်​ အ​ပေါ်နားက rw ဖြစ်​​နေရင်​ ro ဖြစ်​​အောင်​ နှိပ်​ပြီး ​ပြောင်း​ပေးလိုက်​ပါ။ ပြီးရင်​ /data/system ကို​ရောက်​​အောင်​သွားပါ။ တစ်​ချို့ဖုန်း​တွေမှာ /data/system/users/0 မှာပါ။ ​ရောက်​ပြီဆိုရင်​ account.db ဆိုတဲ့ဖိုင်​​လေးကို ဖိထားပြီး delete ကို​ရွေး​ပေးလိုက်​ပါ။ ဒါဆိုရင်​ ရှိသမျှအ​ကောင့်​​တွေ အကုန်​ပျက်​သွားပါလိမ့်​မယ်​။ ဆြာပိ Download

Root explorer နှင့်​ system app လုပ်​နည်း

ကို system app အ​နေနဲ့သွင်းချင်​တဲ့ apk ကို sd card ထဲကိုထည့်​ထားပါ။ Root explorer ကိုဖွင့်​လိုက်​ပါ။ rw ကို ro ​ပြောင်း​ပေးပါ။ ပြီးရင်​ ခုဏ sdcard ထဲထဲ့ထားတဲ့​ဆော့ဝဲဆီ ​ရောက်​​အောင်​သွားပြီး ဖိထားလိုက်​ပါ။ ​ပေါ်လာတဲ့အထဲက copy လုပ်​ပြီး system/app ကို ​ရောက်​​အောင်​သွားပြီး paste လုပ်​​ပေးလိုက်​ပါ။ ပြီးရင်​ အဲ့ဒီ​ဆော့ဝဲကိုဖိထားပြီး permission မှာ rw,r,r ဖြစ်​​အောင်​ထား​ပေးပါ။ ​rw,r,r ဖြစ်​ဖို့ အ​ရှေ့ဆုံးတစ်​​ကြောင်းလုံးနဲ့ ဒုတိယ​ကြောင်းက အ​ပေါ်ဆုံးတစ်​ခုမှာ အမှန်​ခြစ်​​ပေးရပါမယ်​။ နောက်​တစ်​ခါ ထပ်​ဖိထားပြီး ​ပေါ်လာတဲ့အထဲက change owner ကိုနှိပ်​​ပေးပါ။ ​ပေါ်လာရင် နှစ်ခုလုံးကို root ဖြစ်​​အောင်​​ပြောင်း​ပေးပါ။ ပြီးရင်​ ဖုန်းကို reboot တစ်​​ခေါက်​ချ​ပေးလိုက်​ပါ။ ပြန်​တက်​လာရင်​ ရပါပြီ။ ဖုန်းနဲ့တင်​ရတာမို့ အဆင်​မ​ပြေတာရှိရင်​ နားလည်​​ပေးပါ။ ဆြာပိ

RootExplorer apk နှင့်​ အသုံးဝင်​ပုံများ (၁)

RootExplorer ဆိုတဲ့​ဆော့ဝဲ​လေးနဲ့ သူ့ရဲ့အသုံးဝင်​ပုံ​လေး​တွေကို တစ်​ပိုင်းချင်းစီ တင်​​ပေးသွားပါမယ်​။ အကုန်​လုံးတစ်​ပြိုင်​တည်းတင်​​ပေးဖို့ အဆင်​မ​ပြေလို့ပါ။ ၁။ root explorer အသုံးပြု၍ free space တိုး​အောင်​ပြုလုပ်​နည်း။ ဒါက​တော့ ဘာလည်းဆို​တော့ android ဖုန်းတစ်​ချို့မှာ ကဒ်​ထဲမှာလည်း ဘာမှထည့်​မထားဘဲ storage ကိုကြည့်​လိုက်​ရင်​ ​နေရာ​တော်​​တော်​စား​နေတတ်​ပါတယ်​။ ဖိုင်​မန်​​နေဂျာထဲက​နေကြည့်​​တော့လည်း ဘာမှမရှိဘူး။ အဲ့ဒါက ဘာလည်းဆို​တော့ image ​တွေ video ​တွေရဲ့ thumbnail cache ဖိုင်​မှာ တစ်​အား​နေရာယူ​နေလို့ပါ။ ဒါကို​ဖြေရှင်းဖို့ root explorer ​ဆော့ဝဲကို ​အောက်​မှာ​ဒေါင်းပါ။ ပြီးရင်​ဖွင့်​လိုက်​ပြီး root access ​တောင်းရင်​ allow or grant ​ပေးလိုက်​ပါ။ ပြီးရင်​ အ​ပေါ်နားက rw ဖြစ်​​နေတာ​လေးကိုနှိပ်​ပြီး ro လို့​ပြောင်း​ပေးပါ။ ပြီးရင်​ sd card ကို​ရောက်​​အောင်​သွားပြီး Dcim ဖိုလ်​ဒါ ကိုရှာပါ။ ​တွေ့ရင်​အထဲကိုဝင်​ပြီး .thumbnail ဆိုတဲ့ folder ကို ဖိထားပြီး delete လုပ်​​ပေးလိုက်​ပါ။ sdcard ​ကော internal sd ပါ ဖျက်​ချင်​ရင်​​တော့ storage ဆိုတဲ့အထဲကိုဝင်​လိုက်​ပါ။ အဲ့မှာ sdcard 1 နဲ့

Telenor Myanmar အပိုဝန်​​ဆောင်​မှုများ

Image
Telenor Myanmar ရဲ့ အပိုဝန်​​ဆောင်​မှုများကို ဓာတ်​ပုံ​လေး​တွေနဲ့ တင်​​ပေးလိုက်​ပါတယ်​ Telenor Myanmar ကိုအ​သေးစိတ်​သိလိုပါက ဒီ​နေရာ  က​နေသွား​ရောက်​​လေ့လာနိုင်​ပါတယ် 

Telenor Sim Card အသုံးပြုသူများ မိမိဖုန်းနံပါတ်​ကိုပြန်​ကြည့်​နည်း

Image
Telenor Sim Card အသုံးပြုသူများ မိမိဖုန်းနံပါတ်​ကိုကြည့်​နည်း အရင်​ဆုံး ဖုန်း​ခေါ်တဲ့​နေရာ (Dailer) မှ *97# ကိုနှိပ်​ပြီး ဖုန်း​ခေါ်ပါ ခဏ​စောင့်​ပြီးရင်​ မိမိဖုန်းနံပါတ်​ကိုကြည့်​ရှုနိုင်​ပါပြီခင်​ဗျာ

Facebook app နဲ့ပဲ ၁​ကောင့်​ထပ်​ပိုသုံးချင်​ရင်

ဒီ​ဆော့ဝဲ​လေး​တွေက မူရင်း ​ဆော့ဝဲကို ပြန်​ပြီး clone ထားတာပါ။ install လုပ်​ပြီး ​နောက်​တစ်​​ကောင့်​ ထပ်​သုံးလို့ရတယ်​တဲ့ facebook apk အနီ Link-1http://www.solidfiles.com/d/4019f900fd/Facebook_Red_Kozawthwin.apk Link-2http://www.mediafire.com/?36gndnyqpqwn42q ပန်းရောင် http://www.mediafire.com/?6omgtv5haq3j7iw ခရမ်း http://www.mediafire.com/?dbc83lel86j9iyb စိမ်းပြာ http://www.mediafire.com/?bfy9owiu5bw7gtz အမဲ http://www.mediafire.com/?6u57l0l47yq828n အစိမ်း http://www.mediafire.com/?78nve58akz5s0jw ရွှေ http://www.mediafire.com/?z3ax2dud93636hv အဝါ http://www.mediafire.com/?93e009q0ckrn541် အကြည် https://www.dropbox.com/s/cminw8n3fiyea0b/3D%20Facebook.apk?dl=0 ( 1 ) Facebook Chelsea      Download Link >> http://pc.cd/ihP ( 2 ) Facebook Conan      Download Link >> http://pc.cd/ehP ( 3 ) Facebook MickyMouse      Download Link >> http://pc.cd/hSP ( 4 ) Facebook Minion      Download Link >> http://pc.cd/AhP ( 5 ) Facebook Onepiece    

Facebook ကို Design လန်းလန်း​လေးနဲ့သုံးချင်​သူများအတွက်

Image
ခုတင်​​ပေးမဲ့ APK ​လေးက​တော့ Facebook ဒီဇိုင်းအသစ်​​လေးနဲ့ သုံးချင်​များအတွက်​ Fancy ဖြစ်​တဲ့ Facebook APK ​လေးပါ သူ့ကိုတော့ facebook_kitty_By_Bas_Innocent.apk လို့ နာမည်​​ပေးထားပါတယ်​ ပုံ​လေး​တွေနဲ့ Intro တင်​​ပေးထားပါတယ့် ​အောက်​ကလင့်​ မှာ​ဒေါင်းယူ ။ Download Link (or) http://pc.cd/X4g

Facebook မှ video down နည်း

Image
Facebook က​နေ video file ​ဒေါင်းချင်​ရင်​​တော့ ADM Pro ဆိုတဲ့ မျှား၃​ချောင်းနဲ့ ​ဒေါင်းလုပ်​မန်​​နေဂျာ​လေး တင်​ထား​ပေးပါ။ ကိုယ်​​ဒေါင်းချင်​တဲ့ ဗီဒီယိုဖိုင်​ကို ကွန်​မန့်​တစ်​ခု​လောက်​ ​ပေးလိုက်​ပါ။ ပြီးရင်​ ကိုယ့်​ Timeline ထဲကိုဝင်​ပြီး Activity log ဆိုတဲ့အထဲကို ထပ်​၀င်​ပါ။ အဲ့မှာ အ​ပေါ်ဆုံးမှာ ကိုယ်​ကွန်​မန့်​​ပေးထားတာကို ​တွေ့လိမ့်​မယ်​။ အဲ့ဒီ​ပေါ်ကို လက်​နဲ့​ထောက်​လိုက်​ရင်​ ဘာနဲ့ဖွင့်​မလဲလို့​မေးမယ်​။ အဲ့ထဲက ခုနတင်​ခိုင်းတဲ့ ​ဒေါင်းလုပ်​မန်​​နေဂျာ ကို ​ရွေး​ပေးပြီး start နှိပ်​​ပေးလိုက်​။ သူ့ဟာသူ ​ဒေါင်း​နေလိမ့်​မယ်​။ ဆြာပိ

တယ်​လီ​နောကဒ်​နှင့်​ service menu အသုံးပြုပုံ

Image
တယ်​လီ​နောကဒ်​အသစ်​ထွက်​လာ​တော့ ဟိုဟာဆိုလည်း ဘာနှိပ်​ရမှန်​မသိ ဒီဟာဆိုလည်း ဘာနှိပ်​ရမှန်းမသိ ဖြစ်​​နေကြမှာ​ပေါ့။ အမှန်​​တော့ သူကပို​တောင်​လွယ်​​သေးဗျာ။ sim toolkit မှာ အကုန်​ပါပြီးသားကိုးဗျ။ ဒါ​ပေမယ့်​ sim toolkit ဆိုတဲ့​ဆော့ဝဲက​နေသွားရင်​ နဲနဲကြာတယ်​ဗျ။ ​အောက်​ကနည်း​လေး​တွေအတိုင်းလုပ်​လိုက်​ပါ။ ပထမဆုံး menu ကိုဝင်​ဖို့ dialer (ဖုန်းခွက်​)ကိုသွားပြီး *979# လို့ ရိုက်​ပြီး ဖုန်း​ခေါ်လိုက်​ပါ။ ဒါဆို မီနူး​ပေါ်လာပါပြီ။ ဥပမာ my week internet plan ကို နမူနာအ​နေနဲ့ ​လျှောက်​ပြပါမယ်​။ ဒါဆို my offer ထဲကို ၀င်​ရပါမယ်​။ ဒါ​ကြောင့်​မို့ my offer ​ရှေ့ကဂဏာန်းဖြစ်​တဲ့ 2 ကိုရိုက်​ထဲ့ပြီး send ကိုနှိပ်​​ပေးလိုက်​ပါ။ ​နောက်​တစ်​ဆင့်​မှာ အင်​တာနက်​​လျှောက်​မှာဖြစ်​လို့ 2 ကိုရိုက်​ပြီး send လိုက်​ပါ။ ​နောက်​တစ်​ဆင့်​မှာ ​လျှောက်​ချင်​တဲ့ my week ရဲ့​ရှေ့မှာရှိတဲ့ 1 ကိုရိုက်​ပြီး send ကိုနှိပ်​ပါ။ အဲ့ဒီပုံစံအတိုင်း အကုန်​လုံး လုပ်​လို့ရပါတယ်​။ ​နောက်​တစ်​ခုက ခုဏလုပ်​ခဲ့တာကို ​နောက်​တစ်​ခါပြန်​လုပ်​ချင်​တယ်​ဆို ​ရေးခဲ့တဲ့ ကုဒ်​​တွေကို မှတ်​မိရင်​ တစ်​ခါတည်း တန်းသွားလို့ရပါတယ်​။ ဥပမာ ခုန မီ

Telenor Myanmar Sim Card ကိုင်​​ဆောင်​အသုံးပြုသူများအတွက်​ Internet Data Plan

မင်္ဂလာပါ .......... ဒီ​နေ့မှာ​တော့ Telenor Myanmar Sim Card ကိုင်​​ဆောင်​အသုံးပြုသူများအတွက်​ Telenor Myanmar ရဲ့ဝန်​​ဆောင်​မှု များကို ​ရေးသား​ဖော်​ပြ​ပေးလိုက်​ပါတယ် My Internet My Internet ဆိုတာက​တော့ မိမိသုံးလိုတဲ့အင်​တာနက်​ လိုင်းအမျိုးအစားကို Service Center သို့ SMS ​လျှောက်​ထားပြီးသုံးစွဲခြင်းပဲ ဖြစ်​ပါတယ။် ​လျှောက်​ထားနိုင်​တဲ့ လိုင်းအမျိုးအစား​တွေက​တော့ 1MB ကို (၆) ကျပ်​နှုန်းနဲ့  1MB ကို (၁၀) ကျပ်​လိုင်းဆိုပြီး​တော့ နှစ်​မျိုးရှိပါတယ်။ 1MB ကို (၆) ကျပ်​နှုန်းနဲ့ သုံးစွဲမယ်​ဆိုရင်​​တော့ တစ်​လစာ ၁၉၀၀ ကျပ်​ကို SMS ပို့ပြီးတာနဲ့ service center မှ ဖြတ်​ယူသွားမှာဖြစ်​ပြီး အင်​တာနက်​ 500MB ကိုသုံးစွဲနိုင်​မှာဖြစ်​ပါတယ်။ ပို့ရမဲ့ SMS က​တော့​ 500 ကို MYMONTH လို့​ရေးသား​ပေးပို့နိုင်​ပါတယ်​ခင်​ဗျာ။        ။ Smart Internet Smart Internet ဆိုတာက​တော့ 1MB ကို (၁၀) ကျပ်​နှုန်း​ပေး​ဆောင်​ရတဲ့ လိုင်းအမျိုးအစားပဲဖြစ်​ပါတယ်​။ Smart Internet ကို​လျှောက်​ထားအသုံးပြုချင်​ရင်​​တော့ 500 ကို SMARTINTERNET လို့​ပေးပို့​လျှောက်​ထားနိုင်​ပါတယ်​ ။ SMS ပို့ပြီးပြီးချင်း မိမိဖုန်း​ဘေ

တယ်​လီ​နောကဒ်​နှင့်​ facebook အ​ကောင့်​ဖွင့်​နည်း

Image
တယ်​လီ​နောကဒ်​နဲ့ fb အ​ကောင့်​ဖွင့်​ဖို့ ပထမဆုံးအ​နေနဲ့ fb version အမြင့်​ကိုတင်​ထားပါဗျာ။ ပြီးရင်​ဖွင့်​လိုက်​ပြီး ​အောက်​နား​လေးက signup ကိုနှိပ်​လိုက်​ရင်​ ပုံ ၁ ထဲကလို​ပေါ်လာမယ်​။ ok ကိုနှိပ်​​ပေးပါ။ ပုံ ၂ ​ပေါ်လာပါမယ်​။ အ​ရှေ့က မြန်​မာ​ရွေးထားပြီး ​နောက်​အကွက်​မှာ တယ်​လီ​နောနံပါတ်​ကို အ​ရှေ့က ၉ ခံပြီး ပုံမှာပြထားသလို ထည့်​​ပေးပါ။ ​နောက်​တစ်​ဆင့်​မှာ ပုံ ၃ မှာပြထားသလို နာမည်​ကို ​ရှေ့ ​နောက်​ထဲ့​ပေးပါ။ ​နောက်​တစ်​ဆင့်​မှာ ​ယောက်​ကျားဆိုရင်​ male မိန်းမဆိုရင်​ female ​ရွေး​ပေးပါ။ ပြီးသွားရင်​ ပုံ ၅ ထဲကလို အ​ကောင့်​ကို creating လုပ်​​နေပါပြီ။ အဲ့လိုလုပ်​​နေတုန်းမှာ ဖုန်းသို့ မက်​​ဆေ့ဝင်​လာပါလိမ့်​မည်​။ ​နောက်​တစ်​ဆင့်​မှာ ပုံ ၆ ထဲကလို ကိုယ်​​ရေးအချက်​အလက်​ ထဲ့​ပေးလိုက်​ပါ။ ဒါဆိုရင်​ အ​ကောင့်​တစ်​ခုရပါပြီ။ gmail မသုံးထားတဲ့အတွက်​ အ​ကောင့်​ဝင်​တဲ့အခါမှာ email ​နေရာမှာ ဖုန်းနံပါတ်​ကိုထည့်​​ပေးပါ။ confirm လုပ်​​ပေးဖို့အတွက်​ ကုဒ်​နံပါတ်​ပါတဲ့မက်​​ဆေ့ကို ဖွင့်​ပြီး ​အောက်​က လင့်​ကိုနှိပ်​​ပေးလိုက်​ပါ။ email နဲ့ password ​မေးလာခဲ့ရင်​လည်း အီး​မေး​နေရာမှာ ဖုန်းနံပါတ်​၊ password ​နေရာမ

Email , mail , birdlover စတဲ့ mail ​​ပေါင်း​တွေသုံးပြီး Facebook Account ဖွင့်​နည်း

မင်္ဂလာပါ Email , mail , hackermail စတဲ့​မေး​တွေသုံးပြီး​တော့ Facebook Account တင်​နည်း​လေးကို ပြန်​ပြီးမျှ​ဝေ​ပေးလိုပါတယ်​ အရင်​ဆုံး ​အောက်​က​ပေးထားတဲ့ link အတိုင်းသွားလိုက်​ပါ https://service.mail.com/registration.html/wicket:pageMapName/wicket-1;jsessionid=AD43EB517CD7F65E0C4202C247547ED3.jport-us012 Link ထဲကို ​ရောက်​သွားပြီဆိုရင်​​တော့ ပထမဆုံးအ​နေနဲ့ Get your free email account ဆိုတာကို  နှိပ်​​ပေးပါ အဲ့ဒီမှာ ဖြည့်​စရာ​တွေ ​ပေါ်လာပါလိမ့်​မယ်​ First Name , Last Name စသဖြင့်​​ပေါ့..... ထုံးစံအတိုင်း လိုချင်​တဲ့ နာမည်​ကိုဖြည့်​​ပေးလိုက်​ပါ ပြီးရင်​​တော့ Desire email address ဆိုတဲ့​ ​ခေါင်းစဉ်​​လောက်​မှာ box ​လေးနှစ်​ခုရှိပါတယ်​ ပထမ box ​လေးထဲမှာ ကိုယ်​လိုချင်​တဲ့ mail ကို ​ရေးရမှာပါ ဥပမာ ကျွန်​​တော်​က asdfgh@email.com ကိုလိုချင်​တယ်​ ဆိုရင်​ ​တော့ ပထမ box ​လေးထဲမှာ asdfgh ကို​ရေး​ရမှာပါ ဒုတိယ box ​လေးထဲမှာ​တော့ @email.com ဆိုတာ​ရွေး​ပေးလိုက်​ပါ ဒါ​ပေမဲ့ email နဲ့မယူဘဲ တခြား​ mail ​တွေနဲ့ ဒုတိယ box ​လေးနားမှာ Down Arrow ​လေးရှိပါတယ်​ အဲ့ဒီ Down Arrow ​လေးကို နှိပ်​ပြီး စိတ

၂ကဒ်​သုံးဖုံးများတွင်​ default data သတ်​မှတ်​ခြင်း

၂ကဒ်​သုံးဖုန်း​တွေမှာ တစ်​ချို့ဖုန်း​တွေက ​ဒေတာ (အင်​တာနက်)ဖွင့်​လိုက်​တာနဲ့ ဘယ်​ကဒ်​နဲ့ချိတ်​မလဲ​မေးပါတယ်​။ ဒါ​ပေမယ့်​ တစ်​ချို့အလုံး​တွေကျ မ​မေးပါဘူး။ အဲ့လိုအလုံး​တွေကျ ဘယ်​ကဒ်​နဲ့ချိတ်​​နေမှန်း မသိ ဖြစ်​တတ်​ပါတယ်​။ အဲ့ဒါကို ဘယ်​က​နေ ​ပြောင်းရမလဲဆို​တော့ setting/dual sim (သို့) setting/sim management စသဖြင့်​ပါတတ်​ပါတယ်​။ အဲ့ဒီကိုဝင်​လိုက်​ပါ။ ပြီးရင်​ default data network မှာ အင်​တာနက်​အတွက်​ ဘယ်​ကဒ်​သုံးမလဲ ချိန်​​ပေးပါ။ default call and message မှာဖုန်း​ကောလ်​နဲ့ မက်​​ဆေ့အတွက်​ ဘယ်​ကဒ်​ကို သုံးမလဲ ​ဆိုတာ ​ရွေး​ပေးပါ။ ဒါပါပဲ။ အားလုံးအဆင်​​ပြေနိုင်​ပါ​စေ။ ဆြာပိ

Facebook နှင့်​ internet အသုံးပြုနည်း

ကဲ ဒီတစ်​ခါ​တော့ ဒါ​လေးက ဘာလို့​ပေါ်​နေတာလဲ၊ ဒါကိုဘယ်​လိုလုပ်​ရမလဲလို့ ခဏခဏလာ​မေးစရာမလို​အောင်​ စာအုပ်​တစ်​အုပ်​တင်​​ပေးလိုက်​ပါတယ်​ဗျာ။ ဒီစာအုပ်​ထဲမှာ ဘာ​တွေပါလဲဆို​တော့ facebook အသုံးပြုနည်းရယ်​၊ အင်​တာနက်​မှာ ကိုယ်​လိုချင်​တာ၊ ကြည့်​ချင်​တာ​လေး​တွေ ရှာဖို့ရယ်​အတွက်​ ​သေချာ​ရေးထားတာ​တွေ့ရပါတယ်​။ ​အောက်​မှာ​ဒေါင်းပြီးဖတ်​လိုက်​ပါ​နော်​၊ ခဏခဏလာမ​မေးနဲ့​တော့ :-) Download

Huawei G730,C8816,G610တွေမှာflash lightအဆင်မပြေ သူများအတွက်

G730,C8816,G610တွေမှာflash lightအဆင်မပြေရင်ဒီapplicationလေးနဲ့အဆင်ပြေပါတယ်။flash notify အသစ်လေးပါ။သုံးရတာလဲပေါ့ပေါ့ပါးပါးရှိပါတယ်။download size ကလည်းသိပ်မရှိပါဘူး။flash light apk သုံးမဲ့အစားဒီကောင်လေးကဒီဇိုင်းလည်းလန်းတော့ပိုကြိုက်ကြမယ်ထင်လို့တင်ပေးတာပါ။ အောက်မှာဒေါင်းပါ Download

မိုဘိုင်းလိုင်း​တွေဖြစ်​တဲ့ 2g, 3g, 4g စသည်​တို့အ​ကြောင်း

Image
ဒီတစ်​ခါ​တော့ မိုဘိုင်းလိုင်း​တွေမှာ 2g, 3g, 4g ဆိုတာ​တွေဟာ ဘာ​တွေကွာတာလဲ၊ ဘာ​တွေကို​ခေါ်တာလည်းဆိုတာ သိ​အောင်​လို့ပါ။ သူများ​ပြောတိုင်းလိုက်​​ပြော​နေပြီး ဘာမှမသိရင်​အဆင်​မ​ပြေဘူးဗျ :-) ​အောက်​မှာ ပုံ​လေးနဲ့ ပြထားတယ်​​နော်​။ အသိပညာဆိုတာ မလိုအပ်​ဘူးဆိုတာ မရှိပါဘူး။

samsung ဖုန်း​တွေ မက်​​ဆေ့ပို့ရင်​ မြန်​မာလိုမ​ပေါ်တာ

Samsung ဖုန်း​တွေဖြစ်​တတ်​တာ​လေးတစ်​ခု​ပေါ့။ မြန်​မာ​ဖောင့်​ထဲ့ထား​ပေမယ့်​ မက်​​ဆေ့ပို့တဲ့အခါ တစ်​ဖက်​ဖုန်းမှာ အတုံး​လေး​တွေဖြစ်​ဖြစ်​ ? ​လေး​တွေဖြစ်​ဖြစ်​ သွား​ပေါ်​နေတတ်​ပါတယ်​။ ဒါဟာဘာ​ကြောင့်​လည်းဆို​တော့ samsung ဖုန်း​တွေမှာပါတဲ့ feature တစ်​ခု​ကြောင့်​ပါ။ Character Encoding ​ခေါ်မှာ​ပေါ့။ ရိုက်​တုန်းက​တော့အမှန်​ပဲ ပို့လိုက်​​တော့မှ ​ပြောင်းသွားရတယ်​။ ဒါကို​ဖြေရှင်းဖို့က message setting ထဲကိုသွားပါ။ setting/message က​နေသွားနိုင်​ပါတယ်​။ ​ရောက်​ပြီဆိုရင်​ input mode ကိုဝင်​လိုက်​ပါ။ ပြီးရင်​ automatic ကို​ပေးပြီး ပြန်​ထွက်​လိုက်​ပါ။ ဒါဆိုရပါပြီ။ ဆြာပိ

G730 သုံးတဲ့ သူငယ်​ချင်း​တွေအတွက်

Huawei G730 ရဲ့ font rendering ဟာ တစ်​ခြားဖုန်း​တွေနဲ့ မတူဘူးလို့ဆိုပါတယ်​။ ဒါ​ကြောင့်​မို့ ​ပြောင်းချင်​တဲ့​ဖောင့်​ ​လျှောက်​​ပြောင်းလို့ မရပါဘူး။ တစ်​ချက်​မှားတာနဲ့ firmware ပါ ကျသွားနိုင်​ပါတယ်​။ ဒါ​ကြောင့်​မို့လို့ ဒီဖုန်းမျိုး​တွေကို ​ဖောင့်​နဲ့ပတ်​သက်​လာရင်​ မကလိ​စေချင်​ဘူး။ firmware ပြန်​တင်​ရင်​ရတာပဲဆို​ပေမယ့်​ step2 error တက်​ပြီး တိုင်​ပတ်​ခဲ့ရတဲ့အလုံး​တွေ မနည်း​တော့ဘူး။ ဒါ​ကြောင့်​မို့လို့ ​ဖောင့်ကိုမကလိ​စေချင်​တာပါ။ အထူးသဖြင့်​ zawgyi changer ဆိုတဲ့ ​ဖောင့်​အလှ​ပြောင်းတဲ့​ဆော့ဝဲကို လုံးဝမသုံးမိပါ​စေနဲ့လို့။ ဆြာပိ

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း

လာသမျှပြဿနာ​လေး​တွေကို မှတ်​ထားပြီး တင်​​ပေးတာပါဗျာ။ ဖုန်း​တွေမှာ မက်​​ဆေ့ခ်ျ​ကို အ၀င်​​တော့ရပြီး အထွက်​မရဘူးဆိုရင်​​တော့ message center နံပါတ်​လွဲ​နေလို့ပါ။ ဒါကို​ဖြေရှင်းဖို့အတွက်​ setting ထဲကိုဝင်​ပြီး message ကိုထပ်​၀င်​ပါ။ ဒါမှမဟုတ်​ မက်​​ဆေ့ခ်ျ​​ဘောက်​ကို​ဖော်​ပြီး menu key (လိုင်း၃​ချောင်းနဲ့ဟာ) ကိုနှိပ်​၊ ပြီးရင်​ setting ကိုနှိပ်​ရင်​လည်းရပါတယ်​။ message setting ထဲကို​ရောက်​ပြီဆိုရင်​ SMS Center number (သို့) message center no စသဖြင့်​​ရေးထားတားကိုရှာပြီးနှိပ်​လိုက်​ပါ။ ​ဘောက်​တစ်​ခုကျလာရင်​ အထဲမှာရှိတဲ့နံပါတ်​​တွေကို ဖျက်​ပစ်​ပြီး +9595930003 (သို့) +9595930014 တစ်​ခုခုထဲ့​ပေးလိုက်​ပါ။ ok လုပ်​ပြီးပြန်​ထွက်​ပြီးရင်​ မက်​​ဆေ့အထွက်​ရပါပြီ။ နံပါတ်​ရိုက်​တဲ့​နေရာမှာ အ​ပေါင်း + ကိုရှာမ​တွေ့ရင်​ သုည ကို ဖိထားလိုက်​ပါ။ အားလုံးပဲ အဆင်​​ပြေနိုင်​ပါ​စေဗျာ။ ဆြာပိ