windows XP Genuine

windows ကို windows update အော်တိုပေးထားမိတဲ့အခါ ၀င်းဒိုးရဲ့ ညာဘက် အောက်ဒေါင့်မှာ window genuine ဆိုတာပေါ်လာပြီးတော့ ၀င်းဒိုးစဖွင့်ဖွင့်ချင်းမှာလဲ resolve လုပ်ခိုင်းနေတတ်ပါတယ်။ window media player လည်းဖွင့်မရတော့ပဲဖြစ်တတ်ပြီး၊ တစ်ချို့ဆော့ဝဲတွေမှာလည်း update မဖြစ်ပဲ ဖြစ်နေတတ်ပါတယ်။ အဲလိုဖြစ်ပြီဆို desktop ရဲ့ နောက်ခံ ဘက်ဂရောင်းကိုလည်း ပြောင်းလို့မရတော့ပါဘူး။ ပြောင်းလိုက်ရင်လည်း နောက်တစ်ခါ windows ပြန်တက်လာရင် အမည်းရောင်ပဲပြန်ဖြစ်သွားပါတယ်။ ဒါဆိုရင် windows ဟာ genuine မဖြစ်လို့ပါပဲ။ ဘာလို့မဖြစ်တာလဲဆိုတော့ ကျွန်တော်တို့သုံးနေတဲ့ ၀င်းဒိုးတော်တော်များများဟာ original မဟုတ်ပဲ လိုင်စင်အတုနဲ့သုံးနေတဲ့သဘောပါ။ ဒါကို windows update သွားလုပ်မိတဲ့အခါ လိုင်စင်အတုကို ဖမ်းစစ်ပြီးတော့ လိုင်စင်လုပ်ခိုင်းတဲ့သဘောပါ။ ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတော့လွယ်ပါတယ်။ နည်းမသိရင်တော့ တော်တော်စားတယ်ဗျ။ အခုတင်ပေးလိုက်တဲ့ဖိုင်ကို ဖြည်ပြီးရင် အထဲမှာပါတဲ့ ဖိုင်လေးကို run လိုက်ရုံပါပဲ။ ပြီးရင်ပေါ်လာတဲ့ဘောက်မှာ yes ပဲလုပ်ပေးပါ။ နှစ်ခါလောက်တော့မေးပါလိမ့်မယ်။ yes သို့ ok ပေါ့ဗျာ။ ကျွန်တော့ဘော်ဒါတစ်ယောက်ပြောသလိုပေါ့။ သူ့ကိုဆော့ဝဲတစ်ခုပေးပြီး သူ့စက်မှာကိုယ့်ဟာကိုယ် တင်ဗျာ ဆိုပြီးပေးလိုက်တာ။ နောက်နေ့တွေ့တော့ တင်ပြီးပြီလားဆိုတော့ ပြီးပြီတဲ့။ သူက ဆော့ဝဲမတင်ဖူးဘူးဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဘယ်လိုလုပ်လိုက်တုန်းဆိုတော့ ဟဲဟဲ .. လွယ်ပါတယ်ကွာ... နှစ်နိပ် (next) တစ်ဖင်း (finish) ပေါ့... တဲ့။ ခင်ဗျားတို့လည်းမှတ်ထားပေါ့။ မတင်တတ်ရင် နှစ်နိပ်တစ်ဖင်းလေ။။။။ နည်းနည်းလေရှည်သွားတယ်။ အားလုံးပြီးပြီဆိုရင် reset ချပေးလိုက်ပါ။ ပြန်တက်လာရင် ခင်ဗျားရဲ့ဝင်းဒိုးဟာ genuine ဖြစ်သွားပါပြီ။ ပျော်ရွှင်ကြပါစေဗျာ။။။

(windows genuine)ဒေါင်းရန်

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း