Windows 7 Genuine Remover

ဒီဆော့ဝဲလ်လေးက အခုအဖြစ်များနေတဲ့ Windows 7 Genuine ပြဿနာအတွက် အစ်ကိုတစ်ယောက်နဲ့ ညီတစ်ယောက် တောင်းထားလို့ ကွန်နက်ရှင်မကောင်း၊ မီးပျက်နေတဲ့ကြားထဲက ကြိုးစားပြီး upload လုပ်ပေးလိုက်တာပါ။ windows xp တုန်းကလဲ ကျွန်တော် တင်ပေးခဲ့ဖူးပါတယ်.. Genuine ဆိုတာက ဘာကြောင့်ဖြစ်လဲဆိုတော့ automatic windows update ကို enable ထားမိလို့ပါ။ အဲလိုထားလိုက်တဲ့အခါကျတော့ အင်တာနက်ဖွင့်တာနဲ့ ၀င်းဒိုးက လိုအပ်တဲ့ update ကို ဒေါင်းလုတ်ဆွဲပါတယ်... ကျွန်တော်တို့ သုံးနေတဲ့ ၀င်းဒိုးတွေက crack version တွေဖြစ်တဲ့အခါကျတော့ update လုပ်တဲ့အချိန်မှာ လိုင်စင်က disable ဖြစ်ပြီး Genuine ပြတော့တာပဲ.... အခုတင်ပေးတဲ့ ကောင်လေးက loader မဟုတ်ပါဘူး... Remover ဖြစ်တဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ဗျာ.. windows xp သမားတွေအတွက်လဲ လိုအပ်ရင် ဘလော့ထဲမှာ လိုက်ရှာကြည့်လိုက်ပါ... အားလုံးပဲ အဆင်ပြေကြပါစေ...


<<<  Download >>>

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း