Viber account ကို verify code တောင်းလို့ မရဘူးဆိုတဲ့သူတွေအတွက်

Viber account ကို verify code တောင်းလို့ မရဘူးဆိုတဲ့သူတွေအတွက်ပါ။ ကျွန်တော်လည်း ပထမတုန်းက viber တင်ထားပါတယ်။ နောက် ဖုန်းကို firmware မြှင့်ပြီး viber ကုဒ်ပြန်တောင်းတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ လိုင်းမကောင်းဘူးထင်လို့ ဥာဥ့်နက်တဲ့ထိစောင့်ပြီးလုပ်တယ်။ မရဘူး။ ဒါနဲ့ပဲ မလုပ်ဘဲဒီတိုင်းထားလိုက်တာပါ။ အခုမှ လိုင်းပေါ်ကသူငယ်ချင်းတွေက အဲလိုလုပ်ကြည့်ဆိုလို့လုပ်လိုက်တာ တန်းနေတာပဲဗျ။ အခုနည်းက ကွန်ပျူတာနဲ့လုပ်တာပါ။ အရင်လို viber ကို ဖုန်းထဲကနေမ၀င်ဘဲ ကွန်ပျူတာကနေ အောက်ကလိပ်စာကို သွားပြီး လိုအပ်တာလေးတွေ ဖြည့်ပေးလိုက်ပါ။
http://activate.viber.com/viber/activate_user.html
ပြီးရင် continue ကိုနှိပ်ပါ။ နောက်တစ်မျက်နှာကိုရောက်ရင် get code ကိုနှိပ်ပေးလိုက်ယုံပါပဲ။ တစ်ခုသတိထားရမှာက ဖုန်းနံပါတ်ရဲ့ရှေ့မှာ 09 ကို 0 ဖြုတ်ပြီး 9 ကနေစထဲ့ဖို့ မမေ့ပါနဲ့။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က 09420246773 ဆိုပါတော့ဗျာ။ အရှေ့က သုညကိုဖြုတ်ပြီး 9420246773 လို့ထဲ့ပေးရမှာပါ။ getcode ကိုနှိပ်ပြီးတာနဲ့ ချက်ချင်း ဖုန်းဝင်လာပါလိမ့်မယ်။ ဖုန်းမှာ အင်တာနက်လည်း ဖွင့်ထားစရာမလိုပါဘူး။ ကုဒ်ရပြီဆိုမှ အင်တာနက်ဖွင့်ပြီး viber ကိုဝင် ကုဒ်နံပါတ်ကိုရိုက်ထဲ့လိုက်ယုံပါပဲ။ ကုဒ်တောင်းပြီးရင်တော့ နောက်တစ်ခါ အခက်အခဲမဖြစ်ရအောင် ကုဒ်ကို note ထဲမှာဖြစ်ဖြစ် မှတ်ထားပေါ့ဗျာ။ နို့မို့ရင် အကြောင်းတစ်ခုခုကြောင့် ဆော့ဝဲလ်ပျက်သွားတဲ့အခါ အစကပြန်တောင်းနေရမယ်။ အဆင်ပြေကြပါစေ။

Comments

  1. we are calling you ဆိုပြီးတော့ ကုဒ်လည်း မပို့ဘူးဗျ ဘယ်လိုဖြစ်တာလဲ မသိဘူး လုပ်ပါဦးဗျာ

    ReplyDelete

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း