Usb on မထား၊ CWM တင်မထား root မထားတဲ့ samsung ဖုန်းကို screen lock ဖြုတ်မယ်



အမှန်တော့ ကျွန်တော်စမ်းထားတာ galaxy y (young) နဲ့ပါ။ Samsung အကုန်လုံးတော့မရပါဘူး။ Gingerbread ထဲက နဲနဲတော့ရမယ်ထင်တာပဲ။ တစ်ကယ်လို့စမ်းလို့ရတဲ့ဖုန်းတွေရှိရင်လည်း အောက်မှာ မန့်ခဲ့ပါဗျာ။ နောက်လူတွေကြည့်ရတာပေါ့။ ကျွန်တော်လည်း တတ်လို့လုပ်ထားတာတော့မဟုတ်ပါဘူး။ ဒီနေ့မှ တစ်လုံးရောက်လာလို့ ဒီလိုလုပ်ရင်အဆင်ပြေလောက်တယ်လို့ စဉ်းစားမိပြီး လုပ်လိုက်တာပါ။ အောက်မှာပေးထားတဲ့ ဇစ်ဖိုင်လေးကို ဒေါင်းပြီး sd ကဒ်ထဲကို ထဲ့ထားပါ။


 ပြီးရင် ဖုန်းကိုပါဝါပိတ်ပြီး ငါးစက္ကန့်လောက် battery ဖြုတ်ထားပါ။ sd card ကို ဖုန်းမှာပြန်ထဲ့ပါ။ ပြီးရင် battery ပြန်တက် vol up + home + power(တစ်လုံးနဲ့တစ်လုံး မတူပါ) နှိပ်ပြီး recovery ကိုဝင်ပါ။ CWM recovery ကိုပြောတာမဟုတ်ပါဘူး။ official ပါတဲ့ recovery ကိုဝင်လို့ရရင် အဆင်ပြေပါပြီ။ recovery ထဲကို ရောက်ရင် “apply update from sdcard” ဆိုတာကို နှိပ်ပေးပါ။  ပြီးရင် sd card ထဲ ထဲ့ထားတဲ့ update.zip ကို ရွေးပြီး home buttom နဲ့ apply လုပ်ပေးလိုက်ပါ။ အားလုံးပြီးသွားလို့ Done ပြပြီဆိုရင် reboot system now လုပ်ပေးလိုက်ပါ။ ပြန်တက်လာရင် ခဏစောင့်နေပါ။ သူ့ဟာသူ bypass ကျော်ဝင်သွားပါလိမ့်မယ်။  အထဲကိုရောက်ပြီဆိုရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိကြမှာပါ။  အခုတင်ထားတဲ့ screen lock bypass.apk ဟာ /system ထဲကိုထဲ့ထားတဲ့အတွက် ဒီတိုင်း uninstall လုပ်လို့မရပါဘူး။ ဒါကြောင့် system/app ထဲကို ၀င်ပြီး delete လုပ်ဖို့အတွက်လည်း root explorer.apk ကိုပါ တစ်ခါတည်း install လုပ်ပေးထားပါတယ်။ root explorer.apk ကို root access ရရှိဖို့အတွက်လည်း root ပါ တစ်ခါတည်းလုပ်ပေးထားပါတယ်ဗျာ။ root ဖောက်ပြီးသားဖုန်းတွေလည်း သုံးလို့ရပါတယ်ခင်ဗျာ…။ MPX_TEAM/MMSD/MMUG/MMF မှ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဦးညွှတ်လျှက်….  _/|\_

အဆင်ပြေနိုင်သောဖုန်းမော်ဒယ်များ
===================
"GT-S5360"
"GT-S5360"
"GT-S5570B"
"GT-S5570B" 
"GT-S5670L"
"GT-S5670L"
"GT-S5670B"
"GT-S5670B"
"GT-S5830L"
"GT-S5830L" 
"GT-S5830B"
"GT-S5830B" 
"GT-S5830"
"GT-S5830" 
"GT-S5570"
"GT-S5570" 
"GT-S5670"
"GT-S5670"
"GT-B7510"
"GT-B7510"
 

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း