System Font Style မှာ zawgyi ပြောင်းမရတဲ့ Samsung ဖုန်းတွေအတွက် ပြောင်းနည်း

Samsung နောက်ထွက်တဲ့ဖုန်းတစ်ချို့မှာ system မှာပါတဲ့ Font Style ကို zawgyi apk တင်ပြီး ပြောင်းခွင့် ပေးမထားပါဘူး... တစ်ချို့ကတော့ root ဖောက်ပြီးတင်လိုက်ကြတာပါပဲ... ဒါလေးကတော့ root မဖောက်ဘဲ ရအောင် တင်ချင်တဲ့သူတွေအတွက်ပါ။ လိုင်းကမကောင်းတော့ ဖိုင်တွေနဲ့ ပုံတွေတော့ တင်မပေးတော့ပါဘူး... ရှာဒေါင်းလိုက်ပေါ့။ လိုအပ်တာကတော့ ifont.apk နဲ့ ပြောင်းချင်တဲ့ (ဥပမာ ... zawgyione.apk) ဖောင့် apk နှစ်ခုပါ။ နှစ်ခုစလုံးကို ဒေါင်းပြီး ဖုန်းမှာ install လုပ်ပေးထားပါ။
အရင်ဆုံး ifont ကိုဝင်ပြီး setting ထဲမှာ change font mode ကို samsung mode(for samsung) ကို ပြောင်းပေးထားပါ။ ပြီးရင် install ဆိုတဲ့နေရာကို သွားလိုက်ပါ။ အဲ့မှာ ခုန install လုပ်ထားတဲ့ ဖောင့်ကို တွေ့ပါလိမ့်မယ်... သူ့ကိုရွေးပေးပြီး set ကို နှိပ်ပေးပါ။ auto reboot ကျသွားပါလိမ့်မယ်.. မကျရင်လည်း ကိုယ့်ဖာသာ ချပေးလိုက်ပါ။ ပြန်တက်လာရင် အဆင်ပြေသွားပါပြီဗျာ...
ifont မှာ တစ်ခြား လုပ်လို့ရတာလေးတွေလည်း ရှိပါသေးတယ်... နောက်မှစမ်းကြည့်တာပေါ့။ :D

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း