ကျွန်ုပ်နှင့် PM8110 ထောင့်စွန်းပူသော ပြဿ နာ ================================= ကြိုတင် မေတ္တာရပ်ခံထားချင်တာက ခေါင်းစဉ်ကြည့်ပြီးလန့်မသွားကြပါနဲ့အုံးဗျ...စုံေ ထာက်ဝထ္ထုရေးမလို့မဟုတ်ပါဘူး....ကျွန်တော် စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါဘူး..လေကြောလေး နည်းနည်းရှည်ချင်လို့ပါ...... PM8110 သုံးထားတဲ့ ဖုန်းတွေမှာ short ဖြစ်နေရင် တစ်ချို့အလုံးတွေမှာ Power Supply နဲ့ ချိတ်လိုက်တာနဲ့ amp ဆွဲနေပြီး Power IC ထောင့်စွန်းလေးပဲ ပူလာတတ်ပါတယ်။ ဒီတော့ ဘာလုပ်ကြလည်း Power IC ဖြုတ်ကြတယ် Power IC ဖြုတ်လိုက်တော့ short ကလွတ်သွားတယ် Short လွတ်သွားတော့ IC အသစ်တစ်လုံးတပ်တယ် ပြီးရင် Power Supply နဲ့ပြန်ချိတ်ကြည့်တော့ နဂို error ဖြစ်တဲ့ Power IC ထောင့်စွန်းလေးပဲ ပူလာပြန်ရော...ဒီလိုနဲ့ ဖြုတ်လိုက် တပ်လိုက်နဲ့ သံသရာလည်နေကြတဲ့ Service သမားတွေ အနည်းနဲ့အများရှိမှာပါ...ဘာကြောင့် သံသရာလည်နေကြတာလည်း..ရှင်းရှင်းလေးပါ အဓိက ကတော့ Phone တစ်လုံးရဲ့ Structure (တည်ဆောက်ပုံ) ကို အရင်မလေ့လာထားကြလို့ပါပဲ... ဖုန်းတစ်လုံးတည်ဆောက်ပုံကိုအရင်လေ့လာရမယ်ဆိုတာက ပထမအဆင့်အနေ့နဲ့ ဘယ် Model မှာတော့ CPU Type က ဘာသုံးထားတယ် Power IC ...