PM8110 ထောင့်စွန်းပူသော ပြဿ နာ

ကျွန်ုပ်နှင့် PM8110 ထောင့်စွန်းပူသော ပြဿ နာ
=================================
ကြိုတင် မေတ္တာရပ်ခံထားချင်တာက ခေါင်းစဉ်ကြည့်ပြီးလန့်မသွားကြပါနဲ့အုံးဗျ...စုံထောက်ဝထ္ထုရေးမလို့မဟုတ်ပါဘူး....ကျွန်တော် စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါဘူး..လေကြောလေး နည်းနည်းရှည်ချင်လို့ပါ...... PM8110 သုံးထားတဲ့ ဖုန်းတွေမှာ short ဖြစ်နေရင် တစ်ချို့အလုံးတွေမှာ Power Supply နဲ့ ချိတ်လိုက်တာနဲ့ amp ဆွဲနေပြီး Power IC ထောင့်စွန်းလေးပဲ ပူလာတတ်ပါတယ်။ ဒီတော့ ဘာလုပ်ကြလည်း Power IC ဖြုတ်ကြတယ် Power IC ဖြုတ်လိုက်တော့ short ကလွတ်သွားတယ် Short လွတ်သွားတော့ IC အသစ်တစ်လုံးတပ်တယ် ပြီးရင် Power Supply နဲ့ပြန်ချိတ်ကြည့်တော့ နဂို error ဖြစ်တဲ့ Power IC ထောင့်စွန်းလေးပဲ ပူလာပြန်ရော...ဒီလိုနဲ့ ဖြုတ်လိုက် တပ်လိုက်နဲ့ သံသရာလည်နေကြတဲ့ Service သမားတွေ အနည်းနဲ့အများရှိမှာပါ...ဘာကြောင့် သံသရာလည်နေကြတာလည်း..ရှင်းရှင်းလေးပါ အဓိက ကတော့ Phone တစ်လုံးရဲ့ Structure (တည်ဆောက်ပုံ) ကို အရင်မလေ့လာထားကြလို့ပါပဲ...
ဖုန်းတစ်လုံးတည်ဆောက်ပုံကိုအရင်လေ့လာရမယ်ဆိုတာက ပထမအဆင့်အနေ့နဲ့ ဘယ် Model မှာတော့ CPU Type က ဘာသုံးထားတယ် Power IC ကဘာသုံးထားတယ် နောက် Model တစ်ခုမှာတော့ CPU Type ကတော့ ဘာဖြစ်သွားပြီး Power IC ကလည်း ဘာပြောင်းသွားပြီဆိုပြီးလေ့လာရမှာပါ....

ဒုတိယအဆင့်အနေနဲ့ဆိုရင် ဘယ် CPU ဘယ် Power IC ဆိုရင် ဘယ်လိုအလုပ်လုပ်သွားတယ် ဘာတွေပြောင်းလည်းသွားတယ်ဆိုတာ လေ့လာရပါမယ်....ဒီလိုတွေ လေ့လာထားပြီဆိုရင် Phone တစ်လုံးပြင်ရာမှာ အရမ်းကြီးမခက်ခဲတော့ပါဘူး....အခု PM8110 ထောင့်စွန်းလေးပူတဲ့ ပြဿနာမှာလည်း ဒီအတိုင်းပါပဲ...အရင် ကျွန်တော်တို့ လေ့လာခဲ့ဖူးတဲ့ PM 8029 Type တွေမှာဆိုရင် Q201 လို့ခေါ်ခေါ်နေတဲ့ transistor လေးက Power IC အပြင်ဘက်မှာထုတ်ထားပါတယ်...Q201 ထဲကို ၀င်မယ့် လမ်းကြောင်းက Battery အပေါင်းငုတ်ကနေလာမယ့် V_Bat လမ်းကြောင်းပါ...ပြန်ထွက်မှာက VPH_Pwr လမ်းကြောင်းအဖြစ်ပြန်ထွက်ပါတယ်....VPH_Pwr လမ်းကြောင်းအနေနဲ့ပြန်ထွက်ပြီး Pwr IC ထဲကိုဝင်ပါတယ်....V_Bat လမ်းကြောင်းမှာ short ကျနေရင်တော့ transistor အရင်မပူပဲ V_Bat လမ်းကြောင်းမှာရှိတဲ့ Short ဖြစ်နေတဲ့ IC သော်လည်းကောင်း Filter တစ်လုံးလုံးသော်လည်းကောင်း အရင်ပူလာမှာပါ.....VPH_Pwr လမ်းကြောင်းမှာ short ကျနေရင်တော့ short ဖြစ်နေတဲ့ IC , Filter မပူလာပဲ Transistor လေးပဲ ပူလာမှာပါ..ဒါဆိုရင် ကျွန်တော်တို့ short ရှာဖို့ VPH_Pwr လမ်းကြောင်းပေါ်ကို Volt ကျော်ကျွေးနိုင်မှသာလျှင် short ဖြစ်နေတဲ့ IC သော်လည်းကောင်း filter သော်လည်းကောင်းပူလာမှာပါ....ဒါက PM8029 မှာသုံးခဲ့တဲ့ V_Bat , VPH_Pwr လမ်းကြောင်း short ရှာနည်းလေးပါ...အခု PM8110 Power IC Type မှာတော့ ဘယ်လိုပြောင်းလည်းသွားလည်းဆိုရင် ကျွန်တော်တို့ ပြောပြောနေတဲ့ Q201 ဆိုတဲ့ Transistor လေးကို Power IC ထဲမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်....V_Bat လမ်းကြောင်းအနေနဲ့ Power IC ထဲဝင်ပြီးတော့ VPH_pwr လမ်းကြောင်းအနေနဲ့ Power IC ကနေပြန်ထွက်ပါတယ်...V_Bat လမ်းကြောင်းမှာ short ကျနေရင် ပြဿနာမရှိ ရှာလို့ရပေမယ့် VPH_Pwr လမ်းကြောင်းမှာ short ကျနေရင်တော့ Power IC ထောင့်စွန်းလေးပဲပူလာမှာပါ....အောက်မှာ PM8110 သုံးထားတဲ့ Y535 ကို ပုံလေးနဲ့ကျွန်တော်ပြထားပေးပါတယ်...VPH_Pwr လမ်းကြောင်းမှာ short ကျနေတဲ့အတွက် Power Supply နဲ့ချိတ်လိုက်တာနဲ့ Power IC ထောင့်စွန်းလေးပဲပူလာမှာပါ...မီတာနဲ့လိုက်တိုင်းကြည့်တော့ Power IC ဘေးနားက VPH_Pwr လမ်းကြောင်းမှာရှိတဲ့ capacitor လေးတွေ short ကျနေပါတယ်...ဒီတော့ 3.7V ကို short ကျနေတဲ့ VPH_Pwr လမ်းကြောင်းပေါ်က capacitor လေးပေါ်ကို တင်ပေးလိုက်တော့မှ Shortဖြစ်ပြီး ပျက်နေတဲ့ Antenna Switch လေးပူလာပါတယ်...၄င်း Antenna Switch လေးကိုဖြုတ်လိုက်မှပဲ VPH_Pwr လမ်းကြောင်းမှ ရှိတဲ့ filter လေးတွေ short လွတ်သွားပါတယ်...Power လည်းနိုးသွားပါတယ်....ဒီ error ဖြစ်ရင် Antenna Switch ဖြုတ်လိုက်ရင် လွတ်ပြီဆိုပြီးပြောတာမဟုတ်ပါဘူး...တစ်လုံးနဲ့တစ်လုံးလည်း short ဖြစ်တာ တူနိုင်မှာမဟုတ်ပါဘူး...ပြောချင်တာက VPH_Pwr လမ်းကြောင်းပေါ်က filter မှန်သမျှ IC မှန်သမျှနဲ့ဆိုင်ပါတယ်...Short ဖြစ်နေတဲ့ filter သော်လည်းကောင်း IC သော်လည်းကောင်းဖြုတ်ပေးနိုင်မှသာလျှင် PM8110 ထောင့်စွန်းပူတဲ့ ပြဿ နာကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ...ခင်ဗျားတို့အတွက် အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော် ဒီပို့စ်လေးကို ရေးရကျိုးနပ်ပါတယ်ဗျာ.......

Credit>>
MOBILE TECH
============
Mobile Phone Professional Services & Training Centre
အားကာတိုက်တန်း (C4) ၊ ယာဉ်ထိန်းရဲရုံးရှေ့ ၊ ဧရာရပ်ကွက် ၊ မြစ်ကြီးနားမြို့။
PH - 0943022558 ၊ 09795402340

Comments

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း