ကျွန်ုပ်နှင့် customer များ
ကျွန်တော့ဘလော့လေးကို ပြန်ရေးပါတော့မယ်။ ပြီးရင် apk လေးထုတ်ပြီး ဖုန်းလာပြင်တဲ့ customer တွေရဲ့ ဖုန်းတွေထဲမှာ ထဲ့ပေးမယ်။ တော်ရုံပြဿနာကို ကိုယ့်ဖာသာ ဖြေရှင်းနိုင်အောင်ပါ။ အခုနောက်ပိုင်း ဆင်းမ်ကဒ်တွေကလည်း ဖောခြင်းသောခြင်းရသလို ဟန်းစက်တွေကလည်း တန်ဖိုးနည်းနည်းနဲ့ ကိုင်လို့ရလာတဲ့အပြင် နောက်ထုတ်ပေးတဲ့ကဒ်တွေမှာ အင်တာနက်ကို တစ်ခါတည်းပါလာတဲ့အခါကျတော့ ကျုပ်တို့ဆီကတောသားတွေလည်း ခေတ်မီချင်လာကြပြီလေ။ သူမျာ viber ရင် ကိုယ်လည်း လိုက် viber သူများ facebook ရင် ကိုယ်လည်းလိုက် facebook တော့တာပဲ။ အလုပ်ရှုပ်လို့ တစ်ကောင့်ကို ၃၀၀၀ လို့ပြောတာတောင် လက်မလည်ဘူးဗျာ :-/ ပြီးတော့မှ facebook app ကိုဖွင့်ပြီး ဘာနှိပ်လို့ နှိပ်ရမှန်းမသိ အဲ့တော့မှ ဆိုင်ကိုတစ်ခါပြန်လာ ။ အကောင့်တစ်တစ်ခုဖွင့်ရင် အသုံးပြုနည်းပါ သင်တန်းပေးနေရတော့ မခက်ဘူးလားဗျာ။ ပြီးတော့ touch ဖုန်းလေး ဈေးပေါပေါနဲ့ရလို့ဝယ်ကိုင်ပြီး နေ့မအား ညမနား ကလိတော့ ဘာတွေဖြစ်လို့ဖြစ်မှန်းမသိ။ မလုပ်တတ်တော့ ဆိုင်ပြန်လာ။ ဒီကြားထဲ ဖလက်ရှ်မီးမပါတဲ့ဖုန်းဝယ်လာပြီး မီးပွင့်အောင် ဆော့ဝဲလာထဲ့ခိုင်းတဲ့သူက ရှိသေးသဗျ။ ဒီကိစ္စ တွေ နဲနဲလောက်များအဆင်ပြေမလားလို့ ကြံမိကြံရာကြံပြီး ကျွန်ုပ် မောင်ဂျစ်တူးလည်း end user တွေဖတ်ဖို့ ဘလော့လေးပြန်ရေးဖို့ကြံလိုက်ရပါတယ်ဗျာ။ ဒါကြောင့်မို့လို့ အကောင့်ထဲမှာ ရှိကြလေကုန်သော ဂုရုကြီးများမှ ကျွန်ုပ်၏ ပို့စ်များ တက်လာပါက ကြိတ်၍မရီကြစေရန်အလို့ငှါ ကြိုတင်၍ စာညွှန်းရေးသားလိုက်ရပါတယ်ဗျာ။
ဘလော့ဂါဂျစ်တူး
တော်သေးပြီ :-P
Comments
Post a Comment
အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။