Data plan ဆိုတာ
သူငယ်ချင်းတစ်ယောက်ကမေးတယ်ဗျ 1 MB ကို ဘယ်နှမိနစ် သုံးရလဲတဲ့။ ကျွန်တော်လည်း တော်တော်လေး အဖြေရကျပ်သွားတယ်။ kb, mb, gb တို့ဆိုတာ data ကိုတွက်တဲ့ unit တစ်ခုဖြစ်တယ်ဆိုတာ ရှင်းပြပေမယ့် သူက အဲ့လိုပဲ ထပ်ထပ်မေးနေတယ်ဗျ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ပြန်မေးလိုက်တယ် အဲ့ဒါဆိုကွာ လို့၊ တစ်မိုင်မှာ နို့ဆီဗူး ဘယ်နှလုံးရှိလဲလို့။ သူနဲနဲတင်းသွားတယ်ဗျ။ တစ်မိုင်နဲ့ နို့ဆီဗူးတွေ ပြည်တွေနဲ့ ဘာဆိုင်လို့လဲဟ တဲ့။ အဲ့တော့မှ ကျွန်တော်လည်း ပြန်ရှင်းပြရတယ်။ အဲ့လိုပဲလေကွာ၊ မိနစ်နဲ့ ဒေတာ ဘာမှမှ မဆိုင်တာလို့။ အဲ့လိုပြောတော့မှ နဲနဲ နားလည်သွားပုံရတယ်ဗျ။ နောက်မမေးတော့ဘူး။ :-)
ဒါကြောင့်မို့လို့ ဒေတာယူနစ် အသေးစိတ်ကို ဗဟုသုတအနေနဲ့ မှတ်သားလို့ရအောင် တင်ပေးလိုက်ပါတယ်ဗျာ။ အောက်ကပုံမှာသာ ကြည့်ကြပေတော့...... သူကတော့ ကွန်ပျူတာ ဒေတာစနစ်လို့ဆိုထားတယ်ဗျ။ ယေဘုယျ အားဖြင့်တော့ မိုဘိုင်းဒေတာလည်း အတူတူပါပဲ။ ဒါပေမယ့် 1024 နဲ့မတွက်ဘဲ 1000 နဲ့တွက်တာလည်းရှိသတဲ့။
Comments
Post a Comment
အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။