တယ်လီနောကဒ်နှင့် facebook အကောင့်ဖွင့်နည်း
တယ်လီနောကဒ်နဲ့ fb အကောင့်ဖွင့်ဖို့ ပထမဆုံးအနေနဲ့ fb version အမြင့်ကိုတင်ထားပါဗျာ။
ပြီးရင်ဖွင့်လိုက်ပြီး အောက်နားလေးက signup ကိုနှိပ်လိုက်ရင် ပုံ ၁ ထဲကလိုပေါ်လာမယ်။ ok ကိုနှိပ်ပေးပါ။
ပုံ ၂ ပေါ်လာပါမယ်။ အရှေ့က မြန်မာရွေးထားပြီး နောက်အကွက်မှာ တယ်လီနောနံပါတ်ကို အရှေ့က ၉ ခံပြီး ပုံမှာပြထားသလို ထည့်ပေးပါ။ နောက်တစ်ဆင့်မှာ ပုံ ၃ မှာပြထားသလို နာမည်ကို ရှေ့ နောက်ထဲ့ပေးပါ။ နောက်တစ်ဆင့်မှာ ယောက်ကျားဆိုရင် male မိန်းမဆိုရင် female ရွေးပေးပါ။ ပြီးသွားရင် ပုံ ၅ ထဲကလို အကောင့်ကို creating လုပ်နေပါပြီ။ အဲ့လိုလုပ်နေတုန်းမှာ ဖုန်းသို့ မက်ဆေ့ဝင်လာပါလိမ့်မည်။ နောက်တစ်ဆင့်မှာ ပုံ ၆ ထဲကလို ကိုယ်ရေးအချက်အလက် ထဲ့ပေးလိုက်ပါ။ ဒါဆိုရင် အကောင့်တစ်ခုရပါပြီ။ gmail မသုံးထားတဲ့အတွက် အကောင့်ဝင်တဲ့အခါမှာ email နေရာမှာ ဖုန်းနံပါတ်ကိုထည့်ပေးပါ။ confirm လုပ်ပေးဖို့အတွက် ကုဒ်နံပါတ်ပါတဲ့မက်ဆေ့ကို ဖွင့်ပြီး အောက်က လင့်ကိုနှိပ်ပေးလိုက်ပါ။ email နဲ့ password မေးလာခဲ့ရင်လည်း အီးမေးနေရာမှာ ဖုန်းနံပါတ်၊ password နေရာမှာ ကိုယ်ပေးထားတဲ့ထည့်ပေးလိုက်ပါ။ ပွင့်သွားပြီဆို confirm ဖြစ်ပါပြီ။ ကဲ .... စမ်းကြည့်လိုက်ပါဦးဗျာ။ ကျွန်တော့ဆီလာရင်တော့ ၃ ထောင် တောင်းမှာပဲနော်။ ကိုယ့်ဟာကို ရအောင်လုပ်ကြည့်လိုက်ပါ။
Comments
Post a Comment
အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။