proxy နံပါတ်တွေ ရှာကြမယ် ၊ ကျော်ကြမယ် ခွကြမယ်

မြန်မာနိုင်ငံမှာ .blogspot.com ကို ၀င်လို့မရပါဘူး။ ကျွန်တော်လည်း ၀င်လို့မရပါဘူး။ ဒီတိုင်းဝင်ရင် access is denied လို့ပဲပြနေတယ်။ ကဲ.... ဒီတိုင်းဝင်မရရင် ရတဲ့နည်းနဲ့ဝင်မှာပေါ့။ proxy ကို ကျော်ဖွင့်ပေးတဲ့ proxy website တွေလည်းရှိပါတယ်။ ဥပမာ www.polysolve.com လိုမျိုးပေါ့။ ကိုယ်ကျော်ဖွင့်ချင်တဲ့ဆိုက်ကို သူ့ရဲ့ solve ဘောက်ထဲမှာ ရိုက်ထည့်ပြီး solve ကိုနှိပ်လိုက်ရင် သူ့ဟာသူ ကျော်ဖွင့်ပေးပါတယ်။ ဒါပေမယ့် အဲဒီဆိုက်တွေက ဆိုက်ကို ၀င်ကြည့်ရုံသက်သက်ပဲရပါတယ်။ မန်ဘာဝင်တာတို့ဘာတို့ကျတော့ မရတော့ပါဘူး။

ကျော်တဲ့ နော်တစ်နည်းက firefox addons တင်ပြီးတော့ ကျော်တာပါ။ ဒီဘလော့ထဲမှာပဲ ရေးထားတာရှိပါသေးတယ်။ anonymox addons လိုမျိုးပေါ့။ proxy addons တွေထပ်ရှာချင်သေးရင်လည်း www.firefox.org ကိုသွားပြီး addons ကိုဝင်၊ ပြီးရင် search box ထဲမှာ proxy ကိုရိုက်ထည့်ပြီး ရှာနိုင်ပါသေးတယ်။ ဒီကောင်နဲ့ကျော်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ပုံမှန်သုံးနေတဲ့အတိုင်းသုံးလို့ရတယ်။ မန်ဘာဝင်လို့လည်းရတယ်။ ဒါပေမယ့် အမြဲတမ်းတော့မပြေနိုင်ဘူးလေ။ နောက်တစ်နည်းကတော့ proxy နံပါတ်ကို firefox ရဲ့ option ထဲမှာ ရိုက်ထည့်ပြီးသုံးတဲ့နည်းပါ။ ဘယ်လိုလဲဆိုတော့ အောက်ကအဆင့်အတိုင်းလိုက်လုပ်ကြည့်လိုက်ပါ။

၁။ firefox ရဲ့ menu bar မှာ Tools ထဲကိုသွားပါ။
၂။ option ကိုဝင်၊
၃။ ဘောက်ကျလာရင် advance ကိုသွား၊
၎။ အဲ့အောက်မှာ network ကိုနှိပ်၊ အဲဒီ အောက်က connection မှာ ဘေးက setting ကိုဝင်လိုက်ပါ။
၅။ အဲဒီ setting ထဲက manual proxy configuration ကို အမှတ်ခြစ်ပြီး ကိုယ်ကျော်မယ့် proxy နံပါတ်ကို ရှေ့ဘောက်နဲ့ port နံပါတ်ကို နောက်ဘောက်မှာထည့်၊
ပြီးရင် အဲဒီအောက်က use this proxy sever for all protocols ဆိုတာကို အမှတ်ခြစ်ပြီး 0k လုပ်ပြီးပြန်ထွက်လိုက်ပါ။
ဒါဆိုရင် ကျော်လို့ပြီးပါပြီ။ အဲဒီနံပါတ်တွေဘယ်ကရလည်းဆိုတော့ proxy searcher လို ဆော့ဝဲတွေနဲ့ ရှာရင်လည်းရပါတယ်။ ဒါပေမယ့် ကွန်နက်ရှင်မကောင်းရင် ဒီဆော့ဝဲတွေလည်း သုံးလို့မလွယ်ပါဘူး။ အလွယ်တကူရှာလို့ရမယ့် free proxy ဆိုက်တွေကို အောက်မှာ တင်ပေးလိုက်ပါမယ်။ အဲဒီကနေ၀င်ရှာကြည့်ပါ။ နည်းနည်းတော့အလုပ်ရှုပ်မယ်။ အဲဒီမှာ နံပါတ်တွေကအများကြီးလေ။ အဲဒီအထဲမှာမှ ကိုယ့်နိုင်ငံနဲ့ကိုက်မယ့်၊ proxy ကိုရှာပြီးထည့်ပေါ့။ များသောအားဖြင့်တော့ 443 , 3128, 8080 port တွေက မြန်မာနိုင်ငံနဲ့အဆင်ပြေတာများပါတယ်။ အဲဒီ နံပါတ်တွေထည့်ပြီးတော့ ဆိုက်တစ်ခုကိုဝင်ကြည့်လိုက်ပါ။ အဲဒီမှာ တန်းမ၀င်ပဲ တစ်ခုခုမေးနေမယ်ဆိုရင် ဆက်မသွားပါနဲ့တော့ ပိတ်လိုက်ပါ။ နောက်နံပါတ်တစ်ခုနဲ့ကျော်ကြည့်ပါ။ အဲဒီလိုပဲ ရှာလိုက် ရိုက်ထည့်လိုက်ပေါ့။ ပြောရဦးမယ် ခင်ဗျားက မြန်မာနိုင်ငံကနေကျော်ချင်တာဆိုရင်တော့ ညာဘက်အခြမ်းက နံပါတ်တွေထဲမှာရှာနော်။ နောက်ဆုံး အဆင်ပြေပြီဆိုရင် အဲဒီနံပါတ်ကိုမှတ်ထားလိုက်လေ။ အခု ဒီပို့စ်ကိုတင်နေတဲ့နံပါတ်ကတော့ proxy : 186.230.162.34 , port : 8080 နဲ့ ကျော်ပြီးရေးနေတာပါ။ ရှာရမယ့်ဆိုက်ကို အောက်မှာပေးထားတယ်နော်။ ကဲ... အားလုံးပဲ ပျော်ရွှင်ပြီး၊ နောင်နှစ်အနည်းငယ်အတွင်းမှာ အကျော်အခွဇယားကနေ ကင်းလွတ်နိုင်ကြပါစေဗျားးးးးးးးးးးးးးးးးးးး။

http://tools.rosinstrument.com/proxy/?rule2

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း