ဘလော့ template လေးတွေ ပြောင်းကြမယ်

ဒီတစ်ခါတော့ ဘလော့အကြောင်းလေး နည်းနည်းရေးချင်လာတာနဲ့ ရေးလိုက်ပါတယ်။ အခုရက်ထဲ ကွန်ကလည်းစုတ် ဒီကြားထဲ မီးကလည်း ၅ မိနစ်ကို တစ်ခါလာနေတော့(ပျက်တယ်လို့မပြောဘူးနော်။ ကျွန်တော်တို့ဆီမှာက သူများတွေလို မီးက တစ်ခါပဲလာတာမဟုတ်ဘူး။ ခဏခဏလာတာ ဟီးးးး) မရေးနိုင်ဘူးဖြစ်နေတယ်ဗျာ။ ဘလော့အကြောင်းဆိုတာ တစ်ခြားတော့မဟုတ်ပါဘူး။ ဘလော့ကို blogspot ကပေးတဲ့ free ရတဲ့ theme တွေကိုမသုံးပဲ တစ်ခြား free theme တွေပေးတဲ့ ဆိုက်တွေကနေ ဒေါင်းပြီး blogspot မှာ upload ပြန်လုပ်တဲ့နည်းပါ။ ဒီနည်းလေးကို ဘလော့ တော်တော်များများမှာ တွေ့ရပေမယ့် အဓိကလိုအပ်တဲ့ အပိုင်းလေးကို ထည့်ပေးထားတာမတွေ့ရပါဘူး။ ကဲ ပြောလက်စနဲ့ အစကနေပဲပြောလိုက်တော့မယ်။ အရင်ဆုံး အောက်မှာပေးထားတဲ့ ဆိုက်တွေကနေ ကိုယ်ကြိုက်တဲ့ theme လေးကို ဒေါင်းထားလိုက်ပါ။ နောက်ထပ် theme တွေ ထပ်ရှာချင်သေးတယ်ဆိုရင်လည်း google ထဲမှာ free blogspot themes လို့ ရိုက်ထည့်ပြီးရှာနိုင်ပါသေးတယ်။ အဓိက ကတော့ တစ်ကယ်လို့များ blogspot ကို upgrade လုပ်ပြီးသုံးနေတယ်ဆိုရင် old version ကို ပြန်ပြောင်းထားလိုက်ပါ။ ဘာလို့ပြောင်းခိုင်းတာလည်းဆိုတာတော့ ပြီးတော့မှပြောပြမယ်။ ပြီးရင် Design ထဲကိုဝင်လိုက်ပါ။


 ပြဿနာက အဲဒီကနေပဲ စတာပါ။ ဘာလို့လဲဆိုတော့ blogspot ကို upgrade လုပ်ပြီး ဒီဇိုင်းအသစ်နဲ့သုံးနေတဲ့သူတွေမှာ design ဆိုတာမပါဘူးလေ။ ဒါကြောင့်မို့လို့ old version ကိုပြောင်းခိုင်းခဲ့တာပါ။ design ကိုဝင်ပြီးရင် Edit HTML ကို သွားပါ။

ရောက်ပြီဆိုရင် အရင်ဆုံး download full template ကိုနှိပ်ပြီး လက်ရှိ template ကိုဒေါင်းထားလိုက်ပါဦး။ မတော်လို့တစ်ခုခုမှားသွားရင် ပြန်သုံးလို့ရအောင်ပါ။ ပြီးရင် အဲဒီအောက်က browse မှာနှိပ်ပြီး အရင်ဆုံးဒေါင်းထားတဲ့ ကိုယ့်စိတ်ကြိုက် template ဖိုင်လေးကို open လုပ်လိုက်ပါ။ အဓိကပြဿနာက အဲဒီမှာပဲဗျို့။ upgrade လုပ်ထားတဲ့သူတွေဆိုရင် အဲဒီ browse ဆိုတာမပါဘူးဗျ။ လုံးဝကိုမပါတာ။ ကျွန်တော့တုန်းကဆို တော်တော်ကိုမွှေလိုက်ရတာ။ နောက်မှ လက်ဆော့ပြီး old version ပြောင်းလိုက်တော့မှ လားလား  ဒီကောင်က အဲဒီမှာပဲကိုးဗျ။




ကဲ…. ပြီးပြီဆိုရင် ဘေးက upload ဆိုတာကိုသာနှိပ်လိုက်တော့ဗျို့။ 


အဲဒီမှာ တစ်ခုသတိထားရမှာက ခင်ဗျား gadget တွေ ထပ်ထည့်ထားတယ်ဆိုရင် သူ့ရဲ့ဒီဇိုင်းထဲမှာမပါတဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် gadget တွေကို ဒီတိုင်းပဲထားမှာလားလို့မေးပါလိမ့်မယ်။ ထားမယ်ဆိုရင်လည်း ထားမယ်လို့ပြောလိုက်ပေါ့ဗျာ။ ပြီးရင်တော့ save လုပ်လိုက်ပါ။ 


ဒါပါပဲ။ ခင်ဗျားတို့ ဘလော့လေးကို ပြန်ပြီးဝင်ကြည့်လိုက်ပါဦး။ ခင်ဗျားကိုယ်တိုင်ရွေးထားတဲ့ ခင်ဗျားရဲ့ template လေးနဲ့ အရမ်းလှနေမှာပေါ့။

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း