ကိုယ့်ဘလော့မှာတင်သမျှ post တွေကို facebook မှာ အော်တိုပေါ်စေချင်ရင်....

အခုပြောပြမှာကတော့ ကိုယ့်ရဲ့ ဘလော့မှာ တင်သမျှပို့စ်တွေကို facebook မှာ ကိုယ့်ရဲ့ Timeline (သို့) Page တွေမှာ အော်တိုပေါ်စေချင်ရင် လုပ်တဲ့နည်းလေးပါ။
၁။ http://www.networkedblogs.com/ ကိုသွားပြီးတော့ အကောင့်လုပ်လိုက်ပါ။
အောက်ပုံမှာပြထားသလို facebook အကောင့်နဲ့ ၀င်လိုက်ပါ။



၂။ ၀င်ပြီးလို့ Dash board ကိုရောက်ပြီဆိုရင် Register A New Blog ကိုနှိပ်ပြီး ပေါ်လာတဲ့ ဘောက်ကလေးမှာ ကိုယ့်ဘလော့လိပ်စာ(Link)ကိုထဲ့ပြီး Next ကိုနှိပ်ပေးပါ။
၃။ ပြီးရင်တော့ သူ့ရဲ့ Instruction အတိုင်းလိုက်လုပ်ပေးလိုက်ပါ။

၎။ Author လားလို့မေးရင် Yes ကိုနှိပ်လိုက်ပါ။
၅။ နောက်တစ်ဆင့်မှာ Ask friends to confirm you or Install the widget လို့မေးရင် ကြိုက်ရာကို လုပ်ပါ။ Ask friends ဆိုရင် facebook ထဲက သူငယ်ချင်းတွေကို invite လုပ်ပြီး confirm လုပ်ရမှာပါ။
Install the widget ဆိုရင်တော့ နောက်တစ်ဆင့်မှာ သူပေးတဲ့ကုဒ်ကိုယူပြီး blogger/layout ကိုသွားပြီး widget မှာ html/java ကိုယူ.... ပြီးရင်သူ့ကုဒ်ကိုထဲ့ပြီး save လုပ်ပေးလိုက်ပါ။
ပြီးရင် confirm လုပ်ခိုင်းလိုက်ပါ။ Syndication မှာ Add facebook target ကိုနှိပ်ပြီး ကိုယ့်ရဲ့ Timeline (သို့) ကိုယ့်ရဲ့ page (သို့) နှစ်ခုလုံး ကြိုက်တဲ့ဟာကို add လုပ်လိုက်ပါ။ ဒါဆိုရင် blog မှာတင်သမျှ တကူးတက ရှယ်စရာမလိုဘဲ ကိုယ့်ရဲ့ facebook ကိုရောက်သွားပါလိမ့်မယ်.... သူက facebook တစ်ခုတည်းရတာမဟုတ်ဘူးနော်... twitter သုံးရင်လည်း Sync လုပ်လို့ရပါတယ်....

နည်းပညာတွေ များများရှယ်နိုင်ကြပါစေဗျာ....

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း