WINDOWS GENUINE NOTIFICATION ကို ဆော့ဝဲလ်မလိုဘဲဖြေရှင်းနည်း



ဒီဖြေရှင်းနည်းဟာ registry ထဲအထိ မလိုအပ်တာတွေကို လိုက်ဖျက်ရမှာဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ System Restore Point လုပ်ထားသင့်ပါတယ်… မလုပ်တတ်ဘူးဆိုရင်တော့ Start>>All Programs/Accessories/System Tools/System Restore ကိုသွားပြီး Creat လုပ်ပေးလိုက်ပါ။ နောက်တစ်ခုအနေနဲ့က Registry ကို backup လုပ်ထားပေးပါ။ ဒါကိုတော့ အောက်မှာပဲ ရှင်းပြပေးပါ့မယ်…။ ကဲ … လုပ်ငန်းစရအောင်…

၁။ ကွန်ပျူတာကို reset ချပြီး ပြန်တက်လာချိန်တွင် f8 ကိုနှိပ်ထားကာ SafeMode ကနေ၀င်လိုက်ပါ။
၂။ My Computer ကိုဖွင့်ပြီး ၀င်းဒိုးတင်ထားတဲ့ Drive ထဲကိုဝင်ပါ။ များသောအားဖြင့်တော့ C: ခြမ်းမှာတင်တာများပါတယ်… တစ်ကယ်လို့ D: ခြမ်းမှာတင်ရင်လည်း D ပေါ့။ ပြီးရင် Windows/System32 ကိုဆက်သွားပါ။

၃။  System32 ထဲကိုရောက်ပြီးဆိုရင်  WgaTray.exe  နဲ့  WgaLogon.dll  ဆိုတဲ့ဖိုင်နှစ်ဖိုင်ကို ဖျက်ပစ်လိုက်ပါ။ ဒီဖိုင်တွေဟာ ဒီပြဿနာကိုသယ်လာတဲ့ အဓိကဖိုင်တွေပါ။ ပထမအဆင့်ပြီးပါပြီ… ဒုတိယအဆင့်ကိုဆက်သွားပါမယ်.. ဒီအဆင့်က Registry ကိုပြင်ရမှာပါ။
၁။  WindowsKey+R သို့မဟုတ်  Start>>Run ကိုနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ဘောက်ပေါ်လာလျှင် regedit လို့ရေးပြီး enter နှိပ်လိုက်ပါ။ Registry ပွင့်လာပါမည်။
၂။ File>>export ကိုနှိပ်ပြီး backup ယူထားပါ (ပြဿနာတစ်ခုခုဖြစ်ခဲ့လျှင်ပြန်သုံးနိုင်အောင်ပါ။)
၃။  ပြီးလျှင် အောက်ကအဆင့်အတိုင်း သွားလိုက်ပါ။
HKEY_LOCAL_MACH ­INE > SOFTWARE > Mi ­crosoft > Windows ­ NT > CurrentVersi ­on > Win Logon > Notify
ရောက်လျှင် Notify ပေါ်တွင် Right Click နှိပ်ပြီး delete လုပ်ပေးလိုက်ပါ။ တစ်ခုခုမေးလာလျှင် yes or ok ပေါ့။
၎။ Registry ကိုပိတ်ပြီး ကွန်ပျူတာကို Reset ချပေးလိုက်ပါ။ Nomal boot(ပုံမှန်အတိုင်း) နဲ့ပြန်ဝင်ပါ။ ပြန်ပွင့်လာရင် WGA Notification မပြတော့ပါဘူးဗျာ..။ ပုံနဲ့တကွ မတင်ပေးနိုင်တာကိုတော့ ခွင့်လွှတ်ပါဗျာ... ကျွန်တော့်မှာ ကိုယ်တင်တဲ့ပုံ ကိုယ်မမြင်ရဘူးဖြစ်နေလို့.... 1bp တို့ 2bp တို့က ပုံတွေဆို denied ပြနေလို့ပါ။ အဆင်ပြေကြပါစေ…။
အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ :D
ဂျစ်တူး…….

Comments

Popular posts from this blog

Honor 4X Che2-UL00 Ram 2GB Android Version 6.0 Marshmallow Upgrade လုပ်နည်း နှင့် Root ဖောက်နည်း

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း