Android မှာ flash song တွေကို feature အပြည့်နဲ့ခံစားမယ်

flash song တွေကို ဖုန်းမှာဖွင့်ဖို့ ကျွန်တော်လိုက်ရှာနေတာကြာပြီဗျ.... တွေ့တော့တွေ့တယ်။ ဒါပေမယ့် မမိုက်ဘူး။ အခုနည်းလေးက ကွန်ပျူတာမှာပေါ်တဲ့အတိုင်း mouse effect လေးတွေကိုပါ လက်ကလေးနဲ့တို့လိုက်ရင်ဖြစ်ဖြစ်... ဒါမှမဟုတ် မောက်စ်ပုံလေးကိုနှိပ်လိုက်ရင်ဖြစ်ဖြစ် သုံးလို့ရတယ်...။ ပြီးတော့ ကီးဘုတ်လက်ကွက်လေးတွေလည်း ဖော်လို့ရတယ်ဗျ... ကျွန်တော်ကတော့ကြိုက်တယ်။ သိပြီးသူတွေလည်းရှိမှာပါ။ မသိသေးတဲ့သူတွေအတွက်တင်ပေးလိုက်တာပါ။ ဆြာဂျီးတွေပါဝူးနော်... :D
ပထမဆုံး ဖုန်းထဲမှာ adobe flash player လေးတော့ရှိရမယ်ဗျ.... မရှိလည်း အောက်ကပေးထားတဲ့ဇစ်ဖိုင်ထဲမှာပါပါတယ်။ ရှိပြီးသားဆိုရင်တော့ နောက်တစ်ခုကိုပဲတင်ပေါ့။ မရှိသေးတဲ့သူတွေကတော့ နှစ်ခုလုံးကိုတင်ပေးလိုက်ပါ။ ပြီးရင် swf ဖိုင်ကိုသွားပြီး ဖွင့်ရင်ရသလို..။ swfplayer ဆိုတဲ့ apk လေးကနေ၀င်ဖွင့်ရင်လည်း ရပါတယ်။ function key လေးတွေကိုဖော်ချင်ရင် ဖုန်းမှာပါတဲ့ menu key(မျဉ်းလေးသုံးချောင်း)ကိုနှိပ်ပေးလိုက်ပါ။ ပေါ်လာပါလိမ့်မယ်။ အဲ့ကမှ မောက်စ်၊ ကီးဘုတ်၊ အစရှိသဖြင့် ကိုယ်ဖော်ချင်တဲ့ဟာကို နှိပ်ပြီးဖော်လိုက်ပါ။

Comments

  1. ဒေါင်းဖို့လင့်ကဘယ်နားမှာလဲဟ

    ReplyDelete
  2. ဆောရီးဗျာ... ဒေါင်းလင့်ထဲ့တာ လိုင်းကမကောင်းတော့ မ၀င်ဘဲကျန်ခဲ့တာလားမသိဘူး... ကျွန်တော်ပြန်ထဲ့ပေးပါ့မယ်... သေချာမကြည့်မိဘူး...

    ReplyDelete

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

Honor 4X Che2-UL00 Ram 2GB Android Version 6.0 Marshmallow Upgrade လုပ်နည်း နှင့် Root ဖောက်နည်း

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း