Google service မပါတဲ့ဖုန်းတွေမှာ Gapps ကို အလွယ်ဆုံးနဲ့ အဆင်ပြေအောင်သွင်းမယ် (root only)

Huawei ဖုန်းနဲ့ China ဖုန်းတော်တော်များများမှာ google service ဟာ ပါမလာတာများပါတယ်... တစ်ခြား chatting ဆော့ဝဲတွေတင်သုံးရင်တော့ ရပေမယ့် google service အပြည့်မရတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး....။ အရင်တုန်းက CWM တင်ထားရင် Gapps.zip လေးထဲ့ပြီး install လုပ်လို့ရပေမယ့် cwm တင်ရတဲ့ဒုက္ခနဲ့ တစ်ချို့ တင်လို့မလွယ်တဲ့ဖုန်းတွေဆို အဲ့နည်းက အဆင်မပြေပြန်ပါဘူး...။

အခုနောက်ပိုင်း ကိုဖြိုးချမ်းရေးထားတဲ့ Myandroid Tool လေးနဲ့လုပ်တာတော့ အဆင်တော်တော်ပြေသွားတယ်...။ ကိုဖြိုးချမ်းကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ...။ ဒါပေမယ့် ပြဿနာရှိတာက Myandroid Tool ကလည်း ဖုန်းတိုင်းမှာ အဆင်မပြေပြန်ဘူးဗျ။ အဲ့ဒီတော့ ဒီ Tool လေးနဲ့ Manual နည်းနည်းပြင်ပြီး လုပ်ကြည့်တာပေါ့။ Myandroid Tool လည်းသုံးမယ်... ပြီးတော့ ကိုယ်တိုင်လည်း နည်းနည်းပြင်လိုက်မယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ။
၁။ ပထမဆုံးအနေနဲ့ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း root ပြီးသားဖြစ်ရပါမယ်...
၂။ Myandroid Tool ရှိရပါမယ်...။ မရှိသေးရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။
    သူတင်ထားတဲ့လင့်ပဲ ပြန်ပေးလိုက်ပါတယ်။
၃။ Rootexplorer.apk ကို ဖုန်းမှာတင်ထားပါ။ မရှိရင် ဒီမှာ ဒေါင်းပါ။
၎။ ဖုန်းကို usb debugging on ထားပြီး ကွန်ပျူတာနဲ့ချိတ်ပါ။
၅။ Myandroid Tool ကို run ပြီး သက်ဆိုင်ရာ version အလိုက် Google service ကိုသွင်းပေးပါ။
    version ကိုတော့ မှန်အောင်ရွေးသွင်းပေးပါ။ မှားသွားခဲ့ရင် firmware မှာ ပြဿနာ တက်နိုင်ပါတယ်။
၆။ error ပြခဲ့ရင် driver နဲ့ usb ကို သေချာစစ်ပေးပါ။ complete ပြသွားပြီဆိုရင်တော့ အင်တာနက်ဖွင့်ပြီး
    google ကိုသုံးကြည့်ပါဦး။ များသောအားဖြင့်တော့ ginger bread တွေမှာတော့ ဒီနည်းနဲ့တင်
    အဆင်ပြေပါတယ်။ တစ်ကယ်လို့အဆင်မပြေခဲ့ရင်လည်း အောက်ကနည်းတွေကိုလိုက်လုပ်ပေးပါ။
၇။ ကျွန်တော်လုပ်ကြည့်သလောက်တော့ ကျန်တာရပြီး Gtalk နဲ့ google service framework မှာ error
    တက်တာတွေ့ရပါတယ်။ အဲ့ဒါကိုဖြေရှင်းဖို့ ဒီဟာ လေးကို ဒေါင်းလိုက်ပါဦး။ ပြီးရင် zip ဖိုင်ကိုဖြည်ပြီး  
    မန်မိုရီကဒ်ထဲကို ထဲ့ပေးထားပါ။
၈။ နောက်ဆုံးအဆင့်အနေနဲ့ ခုနဒေါင်းပြီးတင်ထားတဲ့ rootexplorer ကိုဝင်လိုက်ပါ။ superuser
    request တောင်းရင်တော့ allow ပေးလိုက်ပါ။ ခုနမန်မိုရီကဒ်ထဲထဲ့ထားတဲ့ဖိုဒါထဲက ဆော့ဝဲသုံးခုကို
    ကော်ပီယူပြီး system/app ထဲကို သွားပြီး paste လုပ်ပေးပါ။ over write လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။ အဲ့ဒါမှမရသေးဘူးဆိုရင်တော့ firmware မှာ ပြဿနာရှိနေပါပြီ။ frimware ပြဿနာမဟုတ်ရင်တော့ ဒီအဆင့်နဲ့တင် ကျိန်းသေရရပါမယ်။ တစ်ကယ်လို့မရခဲ့ရင်တော့ Host ကို ပြင်ရမှာပါ။ အဲ့ဒီအတွက်တော့ နောက်မှပဲ ထပ်ရေးပေးပါမယ်။

အားလုံးအဆင်ပြေနိုင်ပါစေ
blogger gyittoo

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း