Facebook အကောင့်ဖွင့်နည်းအသစ်(မိုက်တယ်နော်)

သူများတွေတင်ထားတာ မတွေ့သေးဘူးဗျ... ကျွန်တော်လုပ်တာတော့ တောက်လျှောက်အဆင်ပြေတယ်။ ဖုန်းနံပါတ်လုံးဝမတောင်းဘူး။ ဒီတိုင်းရေးရင် ဓါတ်ပုံတင်ဖို့အဆင်မပြေလို့ PDF နဲ့ပဲ ရေးတင်လိုက်တယ်။
အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။
<< Download>>



PDF ကို ဒေါင်းလို့မရဘူးဆိုလို့ ဒီတိုင်းကြိုးစားပြီးတင်ပေးလိုက်ပါတယ်...
ပုံတွေကိုတင်ရင် proxy ကျော်နေရလို့ပါ... :D 



ကျွန်တော်စမ်းကြည့်တာတော့ တော်တော်အဆင်ပြေတယ်ဗျ… သူများတွေတင်ထားတာလည်း မတွေ့မိသေးဘူး။ စမ်းကြည့်ကြပေါ့။ ဖုန်းနံပါတ်လုံးဝမတောင်းစေရဘူး။ ဒါပေမယ့် အဆင့်လေးတွေကိုတော့ သေချာလေး ဂရုစိုက်ပြီးလုပ်ပေးပါ။

၁။ browser မှာ www.facebook.com လို့ ရိုက်မဲ့နေရာမှာ https://m.facebook.com လို့ရိုက်ဖွင့်ပေးပါ။
    မိုဘိုင်းကနေ ၀င်တဲ့သဘောပေါ့။ အဲဒါဆို အောက်ပါပုံအတိုင်းတက်လာပါမယ်။


အောက်က create new account ဆိုတဲ့ အစိမ်းလေးကို နှိပ်ပေးပါ။ အဲ့ဒါဆို အောက်က ပုံအတိုင်းထပ်ပေါ်မယ်။





ပေါ်လာပြီဆိုရင် ဖောင်ကိုဖြည့်ပေးလိုက်ပါ။ သတိထားရမှာက နာမည်မှာ အင်္ဂလိပ်လူမျိုးနာမည်(နမူနာပြထားသလို) ထဲ့ပေးပါ။ ပြီးတော့ birthday မှာ 18 နှစ်ကျော်နေရပါမယ်။ password ကိုလည်း စာလုံးနဲ့ နံပါတ်တွဲပြီး 8 လုံးလောက်တော့ ရိုက်ပေးလိုက်ပါ။ ပြီးရင်တော့ Sign Up ကိုနှိပ်ပေးပါ။
ဒါဆိုရင် အောက်ကပုံလို ထပ်ပေါ်ပါမယ်။ တစ်ခါတစ်လေမပေါ်ပါဘူး။ ပေါ်လာခဲ့ရင်တော့ စာလိမ်ကို မှန်အောင်ဖြည်ပေးပေါ့ဗျာ။


ပြီးရင် Submit လုပ်ပေးပါ။ အောက်ကပုံလိုထပ်ပေါ်ပါမယ်။

ဒါဆိုရင်တော့ အောင်မြင်သွားပါပြီ။ ကိုယ်ထဲ့ထားတဲ့ မေးကိုဖွင့်ပြီး facebook က ပို့တဲ့မေးထဲမှာ confirm code ပို့ပေးထားပါတယ်။ အဲ့ကုဒ်ကိုယူပြီး အပေါ်ပုံက အကွက်ထဲမှာထဲ့ပါ။ ပြီးရင်တော့ Confirm ပေါ့။ ဒါဆိုရင် နောက်အဆင့်တွေမှာ profile ပုံတင်ဖို့နဲ့ profile info ထဲ့ဖို့ပဲကျန်ပါတော့တယ်။ profile info ကိုလည်း ကိုယ်ထဲ့ချင်တာမထဲ့ဘဲ သူရှာပေးတဲ့ထဲကဟာကို ထဲ့ပေးပါ။ ဥပမာ Yangon ဆိုရင် Yangon လို့ရိုက်ထဲ့ပြီး search ကိုနှိပ်လိုက်ပါ။ သူရှာပေးတဲ့အထဲက တစ်ခုကို နှိပ်ပေးလိုက်ပါ။ ကျန်တဲ့ current city တို့ collage တို့ hometown တို့ကိုလည်း အဲ့လိုပဲ လုပ်ပေးလိုက်ပါ။ နောက်ဆုံးတစ်ခု အရေးကြီးတာက သူငယ်ချင်း ၁၀ ယောက်ကို add friend လုပ်ပေးပါ။ search friend လို့ပေါ်လာရင် ကိုယ့်ရဲ့ တစ်ခြားအကောင့်(ဒါမှမဟုတ်) ကျိန်းသေ confirm လုပ်ပေးနိုင်မယ့် သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့်ကို ရှာပြီးထဲ့ပေးပါ။ ပြီးရင် အဲ့အကောင့်ကနေ confirm သွားလုပ်ပေးလိုက်ပါ။ ဒါဆိုရင် အကုန်ပြီးသွားပါပြီ။ ဒီနည်းနဲ့မှမရဘူးဆိုရင်တော့ ခင်ဗျားဟာ တော်တော်ကံခေတဲ့သူပဲလို့ပြောရမှာပဲ။
အားလုံးအဆင်ပြေအောင် မျှဝေခြင်းသာဖြစ်ပါတယ်။
ကျွန်တော် pro တစ်ယောက်မဟုတ်ပါ။
လေးစားလျှက်
ဘလော့ဂါဂျစ်တူး









Comments

  1. thank
    i already create my FB account use your way. so i done it

    ReplyDelete

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း