RootExplorer apk နှင့်​ အသုံးဝင်​ပုံများ (၁)

RootExplorer ဆိုတဲ့​ဆော့ဝဲ​လေးနဲ့ သူ့ရဲ့အသုံးဝင်​ပုံ​လေး​တွေကို တစ်​ပိုင်းချင်းစီ တင်​​ပေးသွားပါမယ်​။ အကုန်​လုံးတစ်​ပြိုင်​တည်းတင်​​ပေးဖို့ အဆင်​မ​ပြေလို့ပါ။
၁။ root explorer အသုံးပြု၍ free space တိုး​အောင်​ပြုလုပ်​နည်း။
ဒါက​တော့ ဘာလည်းဆို​တော့ android ဖုန်းတစ်​ချို့မှာ ကဒ်​ထဲမှာလည်း ဘာမှထည့်​မထားဘဲ storage ကိုကြည့်​လိုက်​ရင်​ ​နေရာ​တော်​​တော်​စား​နေတတ်​ပါတယ်​။ ဖိုင်​မန်​​နေဂျာထဲက​နေကြည့်​​တော့လည်း ဘာမှမရှိဘူး။ အဲ့ဒါက ဘာလည်းဆို​တော့ image ​တွေ video ​တွေရဲ့ thumbnail cache ဖိုင်​မှာ တစ်​အား​နေရာယူ​နေလို့ပါ။ ဒါကို​ဖြေရှင်းဖို့ root explorer ​ဆော့ဝဲကို ​အောက်​မှာ​ဒေါင်းပါ။ ပြီးရင်​ဖွင့်​လိုက်​ပြီး root access ​တောင်းရင်​ allow or grant ​ပေးလိုက်​ပါ။ ပြီးရင်​ အ​ပေါ်နားက rw ဖြစ်​​နေတာ​လေးကိုနှိပ်​ပြီး ro လို့​ပြောင်း​ပေးပါ။ ပြီးရင်​ sd card ကို​ရောက်​​အောင်​သွားပြီး Dcim ဖိုလ်​ဒါ ကိုရှာပါ။ ​တွေ့ရင်​အထဲကိုဝင်​ပြီး .thumbnail ဆိုတဲ့ folder ကို ဖိထားပြီး delete လုပ်​​ပေးလိုက်​ပါ။ sdcard ​ကော internal sd ပါ ဖျက်​ချင်​ရင်​​တော့ storage ဆိုတဲ့အထဲကိုဝင်​လိုက်​ပါ။ အဲ့မှာ sdcard 1 နဲ့ sdcard 0 ဆိုပြီး ၂ ခု​တွေ့ပါမယ်​။ တစ်​ခုက internal ဖြစ်​ပြီး တစ်​ခုက​တော့ external ​ပေါ့။ စမ်းကြည့်​လိုက်​ပါ။

Download

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း