တယ်​လီ​နောကဒ်​နှင့်​ service menu အသုံးပြုပုံ

တယ်​လီ​နောကဒ်​အသစ်​ထွက်​လာ​တော့ ဟိုဟာဆိုလည်း ဘာနှိပ်​ရမှန်​မသိ ဒီဟာဆိုလည်း ဘာနှိပ်​ရမှန်းမသိ ဖြစ်​​နေကြမှာ​ပေါ့။ အမှန်​​တော့ သူကပို​တောင်​လွယ်​​သေးဗျာ။ sim toolkit မှာ အကုန်​ပါပြီးသားကိုးဗျ။ ဒါ​ပေမယ့်​ sim toolkit ဆိုတဲ့​ဆော့ဝဲက​နေသွားရင်​ နဲနဲကြာတယ်​ဗျ။ ​အောက်​ကနည်း​လေး​တွေအတိုင်းလုပ်​လိုက်​ပါ။
ပထမဆုံး menu ကိုဝင်​ဖို့ dialer (ဖုန်းခွက်​)ကိုသွားပြီး *979# လို့ ရိုက်​ပြီး ဖုန်း​ခေါ်လိုက်​ပါ။

ဒါဆို မီနူး​ပေါ်လာပါပြီ။ ဥပမာ my week internet plan ကို နမူနာအ​နေနဲ့ ​လျှောက်​ပြပါမယ်​။ ဒါဆို my offer ထဲကို ၀င်​ရပါမယ်​။ ဒါ​ကြောင့်​မို့ my offer ​ရှေ့ကဂဏာန်းဖြစ်​တဲ့
2 ကိုရိုက်​ထဲ့ပြီး send ကိုနှိပ်​​ပေးလိုက်​ပါ။

နောက်​တစ်​ဆင့်​မှာ အင်​တာနက်​​လျှောက်​မှာဖြစ်​လို့ 2 ကိုရိုက်​ပြီး send လိုက်​ပါ။

နောက်​တစ်​ဆင့်​မှာ ​လျှောက်​ချင်​တဲ့ my week ရဲ့​ရှေ့မှာရှိတဲ့ 1 ကိုရိုက်​ပြီး send ကိုနှိပ်​ပါ။

အဲ့ဒီပုံစံအတိုင်း အကုန်​လုံး လုပ်​လို့ရပါတယ်​။ ​နောက်​တစ်​ခုက ခုဏလုပ်​ခဲ့တာကို ​နောက်​တစ်​ခါပြန်​လုပ်​ချင်​တယ်​ဆို ​ရေးခဲ့တဲ့ ကုဒ်​​တွေကို မှတ်​မိရင်​ တစ်​ခါတည်း တန်းသွားလို့ရပါတယ်​။ ဥပမာ ခုန မီနူးကို တန်းသွားမယ်​ဆိုရင်​ နှိပ်​ခဲ့တဲ့ဂဏာန်း​တွေအတိုင်း *979*2*2*1# လို့နှိပ်​ပြီး ဖုန်း​ခေါ်လိုက်​​ပေါ့။ ဒါဆို တစ်​ခါတည်း တန်း​ရောက်​သွားပါမယ်​။
အဆင်​​ပြေပါ​စေဗျာ

ဆြာပိ

Comments

  1. ​ချေး​ငွေ ဘယ်​လို စစ်​​ဆေးရမလဲ ​အကြံ ​ပေး​စေချင်​တယ်

    ReplyDelete

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း