ကျွန်ုပ်​နှင့်​ customer များ

ကျွန်​​တော့ဘ​လော့​လေးကို ပြန်​​ရေးပါ​တော့မယ်​။ ပြီးရင်​ apk ​လေးထုတ်​ပြီး ဖုန်းလာပြင်​တဲ့ customer ​တွေရဲ့ ဖုန်း​တွေထဲမှာ ထဲ့​ပေးမယ်​။ ​တော်​ရုံပြဿနာကို ကိုယ့်​ဖာသာ ​ဖြေရှင်းနိုင်​​အောင်​ပါ။ အခု​နောက်​ပိုင်း ဆင်းမ်​ကဒ်​​တွေကလည်း ​ဖောခြင်း​သောခြင်းရသလို ဟန်းစက်​​တွေကလည်း တန်​ဖိုးနည်းနည်းနဲ့ ကိုင်​လို့ရလာတဲ့အပြင်​ ​နောက်ထုတ်​​ပေးတဲ့ကဒ်​​တွေမှာ အင်​တာနက်​ကို တစ်​ခါတည်းပါလာတဲ့အခါကျ​တော့ ကျုပ်​တို့ဆီက​တောသား​တွေလည်း ​ခေတ်​မီချင်​လာကြပြီ​လေ။ သူမျာ viber ရင်​ ကိုယ်​လည်း လိုက်​ viber သူများ facebook ရင်​ ကိုယ်​လည်းလိုက်​ facebook ​တော့တာပဲ။ အလုပ်​ရှုပ်​လို့ တစ်​​ကောင့်​ကို ၃၀၀၀ လို့​ပြောတာ​တောင်​ လက်​မလည်​ဘူးဗျာ :-/  ပြီး​တော့မှ facebook app ကိုဖွင့်​ပြီး ဘာနှိပ်​လို့ နှိပ်​ရမှန်းမသိ အဲ့​တော့မှ ဆိုင်​ကိုတစ်​ခါပြန်​လာ ။ အ​ကောင့်​တစ်​တစ်​ခုဖွင့်​ရင်​ အသုံးပြုနည်းပါ သင်​တန်း​ပေး​နေရ​တော့ မခက်​ဘူးလားဗျာ။ ပြီး​တော့ touch ဖုန်း​လေး ​ဈေး​ပေါ​ပေါနဲ့ရလို့ဝယ်​ကိုင်​ပြီး ​နေ့မအား ညမနား ကလိ​တော့ ဘာ​တွေဖြစ်​လို့ဖြစ်​မှန်းမသိ။ မလုပ်​တတ်​​တော့ ဆိုင်​ပြန်​လာ။ ဒီကြားထဲ ဖလက်​ရှ်​မီးမပါတဲ့ဖုန်းဝယ်​လာပြီး မီးပွင့်​​အောင်​ ​ဆော့ဝဲလာထဲ့ခိုင်းတဲ့သူက ရှိ​သေးသဗျ။ ဒီကိစ္စ ​တွေ နဲနဲ​လောက်​များအဆင်​​ပြေမလားလို့ ကြံမိကြံရာကြံပြီး ကျွန်ုပ်​ ​မောင်​ဂျစ်​တူးလည်း end user ​တွေဖတ်​ဖို့ ဘ​လော့​လေးပြန်​​ရေးဖို့ကြံလိုက်​ရပါတယ်​ဗျာ။ ဒါ​ကြောင့်​မို့လို့ အ​ကောင့်​ထဲမှာ ရှိကြ​လေကုန်​​သော ဂုရုကြီးများမှ ကျွန်ုပ်​၏ ပို့စ်​များ တက်​လာပါက ကြိတ်​၍မရီကြ​စေရန်​အလို့ငှါ ကြိုတင်​၍ စာညွှန်း​ရေးသားလိုက်​ရပါတယ်​ဗျာ။

ဘ​လော့ဂါဂျစ်​တူး
တော်​​သေးပြီ :-P

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း