Activation Screen ကို ကျော်၍ ဝင်ရောက်နည်း

ကျွန်တော်ထံသို့  အခုတစ်လော ဆက်သွယ်မေးမြန်းလာတဲ့ စာတော်တော်များများမှာ Firmware Update လုပ်လိုက်ပြီးနောက် Activation အဆင့်ကို ကျော်လို့ မရလို့  မေးမြန်းထားထာတွေကို တွေ့ ရပါတယ်၊ ဒါ့ကြောင့်...
iOS 5.1 (သို့ ) 5.1.1 ထည့်သွင်းထားပြီး Activation အဆင့်ကို မကျော်လွန်နိုင်သော iPhone 4S, 4, 3GS တို့ အတွက် Computer မလို SIM Card, Jailbreak ဖြစ်ရန် ရှိရန် မလိုပဲ iPhone မှာတင် Activation အဆင့်ကို ကျော်လွန်နိုင်မယ့် Bypass Trick နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။

ယခုဖော်ပြမည့် အကြောင်းအရာကို လုပ်ငန်းမစတင်မီ ဦးစွာ နားလည်အောင် ဖတ်ရှုစေလိုပါတယ်၊ Video Tutotial ကိုလည်း တစ်ပါတည်း တင်ပြပေးထားပါတယ်။

**အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတွက် လက်လျှင်ရန်တော့ အနည်းငယ် လိုပါလိမ့်မယ်...**

လုပ်ငန်းစဉ်

အဆင့် ၁)
Activation Screen တွင် ပေါ်နေသော "configure" ကို slide ဆွဲ၍ဖွင့်ပါ။

အဆင့် ၂)
ပေါ်လာသော Buttom များ၏ အောက်ဆုံးရှိ "Cancel" ကို နှိပ်ပြီး ချက်ချင်း "Home" button ကို ပြန်နှိပ်ပါ။

အဆင့် ၃)
ဒီအခါတွင် "Emergency Call" button ကို နှိပ်ပြီး မိမိနိုင်ငံ၏ emergency number ကို နှိပ်ပြီး Call လုပ်ပါ။ (မြန်မာပြည်မှာ ဆိုလျှင် "199" သို့  "191" ဖြစ်ကောင်းပါလိမ့်မည်)

အောက်ပါ အဆင့်များကို timing မှန်မှန် လက်မြန်မြန်နှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်...
အဆင့် ၄)
>> emergency number ကို နှိပ်ပြီး "Emergency Call --- Calling" ပြပြီဆိုပါက "Power Button" ကို နှိပ်ထားလိုက်ပါ..
>> "slide to power off" နှင့် "Cancel" တက်လာပါက "Cancel" ကို နှိပ်ပါ
>> "Touch Return to Call" ကိုနှိပ်ပြီး
>> "End Call" button ကို နှိပ်ပြီး ဖုန်းချလိုက်ပါ...

အခုဆိုရင် iPhone ရဲ့  Home screen ကို ရောက်သွားပြီး အားလုံးကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အကယ်၍ မအောင်မြင်ပါက ထပ်မံကြိုးစားကြည့်ပါ။

Video Tutorial


**သတိပြုရန်**

အထက်ဖော်ပြပါ အဆင့်များသည် အမှန်တစ်ကယ် Activation ဖြစ်ခြင်းမဟုတ်ပဲ ယာယီ အဆင့်ကျော်လိုက်ခြင်းပင် ဖြစ်ပါသောကြောင့် "Power" button ကို နှိပ်လိုက်ပါက ယခင် Activation screen ပင်ပြန်ပေါ်လာမည်ဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေ..

Activation အဆင့်ကို ကျော်လွန်ပြီး Jailbreak လုပ်ရန် ကြိုးစားရာတွင် "Absinthe" နှင့် ကြိုးစားရာတွင် "Activate your Device first" ဟု message ပေါ်လာပြီး Jailbreak လုပ်ရန် အခက်အခဲ တွေ့ ကောင်းတွေ့ နိုင်ပါသည်။ ယင်းပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကြိုးစားရှာဖွေပြီး တင်ပြပေးသွားပါမည်။
ယင်းပြဿနာအား ကျော်လွန်နိုင်သူရှိပါက Comment တွင် ကူညီအကြံပြု ရေးသားစေလိုပါသည်...

original link

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း