ပြည်တွင်းမှ gmail အကောင့်ဖွင့်ဖို့

အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
ဒီနေရာလေးကို ထပ်ရှင်းပြပါဦးမယ်။ လူတော်တော်များများ ဒီနေရာမှာ လည်နေတတ်လို့ပါ။ အောက်ကပုံကို ကြည့်လိုက်ပါ။ invited ပျောက်နေကြတဲ့ သူငယ်ချင်းတွေအတွက် ပုံလေး တင်ပေးလိုက်ပါတယ်။ 

တစ်ကယ်လို့ အဲဒီ invited အကွက်ထဲမှာမှ အဆင်မပြေရင် အောက်က မျှားပြထားတဲ့ Preview Invite ဆိုတာကို ထပ်နှိပ်ပြီးလုပ်ပါ။ အဲဒီကလုပ်မယ်ဆိုရင် ဘာကိုမှ အမှတ်ခြစ်စရာမလိုပါဘူး။ ပေါ်လာတဲ့ဘောက်မှာသာ ကိုယ်ဖွင့်ချင်တဲ့(မရှိသေးတဲ့) အကောင့်ကို ပြည့်ပြည့်စုံစုံ ရိုက်ထည့်ပြီး send လိုက်ပါ။
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer (သို့) Chrome တစ်ခုခုကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
ရှာရင်းဖွေရင်းနဲ့တွေ့လို့မျှဝေပေးလိုက်ပါတယ် . . .

Comments

Popular posts from this blog

Honor 4X Che2-UL00 Ram 2GB Android Version 6.0 Marshmallow Upgrade လုပ်နည်း နှင့် Root ဖောက်နည်း

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း