How to Root Samsung Galaxy SIII

Galaxy SIII မြန်မာတစ်နိုင်ငံလုံးမှာ ခွဲတမ်း အလုံး ၁၀၀၀ သာရခဲ့တဲ့ Samsung ရဲ့ နောက်ဆုံးထုတ် ဖုန်းအမျိုးအစား တစ်ခုပါ။ ကျွန်တော်လည်း မကိုင်နိုင်ဘူး :P ။ ဒါပေမဲ့လည်း ကိုင်နိုင်တဲ့သူတွေ အတွက် ကျွန်တော့် စေတနာပါ။ ဖုန်းတွေကို ဘာကြောင့် Roots လုပ်ရလဲ ဆိုတာကို ဒီနေရာ လေးမှာ ရေးထားခဲ့ဖူးပါတယ်။ Myanmar Fonts Install လုပ်နည်းကိုလဲ ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်။
ပထမဆုံးအရေးကြီးတဲ့ အချက်ကတော့ ဖုန်းရဲ့ Settings ထဲက About Phone ကိုဝင်ကြည့်လိုက်ပါ။ မိမိ ဖုန်းရဲ့ Model No က GT-I9300 ဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော် အောက်မှာ ပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်ပါ။ အကယ်၍ GT-I9300 မဟုတ်ခဲ့ဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။ အောက်မှာ Commands သာပေးခဲ့လိုက်ပါ။
Requirements (လိုအပ်ချက်များ)
(၁) Computer ရဲ့ Antivirus Software နဲ့ Firewall ကို  ပိတ်ထားပါ
(၂) မိမိရဲ့ ဖုန်း Battery ကို အနည်းဆုံး 70 % အားဖြည့်ထားပါ။
(၃) USB Debugging ကို On ထားပေးပါ။ (Settings > Applications > Development > USB debugging)
(၄) Computer မှာ Samsung Galaxy SIII USB Driver ရှိနေဖို့ လိုအပ်ပါတယ်။ Samsung Phone တွေတော်တော် များများကတော့ USB ကို Auto Detect သိ့ပါတယ်။ (ဒါပေမဲ့လည်း Driver အတွက် Samsung kies ကိုသူရဲ့ Official Site ကနေ download ဆွဲပြီး install လုပ်ထားလိုက်ပါ။)
(၅) အောက်မှာ ကျွန်တော် တင်ပေးထားတဲ့ Odin-v1.8.5 နဲ့ CF-Root-SGS3 ဆိုတဲ့ Zip File နှစ်ခုကို အရင် Download ဆွဲပြီး Extract လုပ်ထားလိုက်ပါ။ အဆင်ပြေအောင် 3 နေရာကနေ တင်ပေးလိုက်ပါတယ်။
Odin3-v1.85 Download Links




CF-Root-SGS3-v6.1  Download Links




Root လုပ်နည်း
Step (1) ပထမဆုံး Phone ကို USB Cable အသုံးပြုပြီး Computer မှာ ချိတ်ထားလိုက်ပါ။ download ဆွဲထားတဲ့ File 2 ခုထဲက Odin-v1.8.5 ကို Run လိုက်ပါ။ 
Step (2) Odin ပွင့်လာတဲ့အခါ အပေါ်ပုံအတိုင်းပါ။ ပြီးရင်တော့ PDA Option ကိုနှိပ်လိုက်ပါ။ အဲဒီမှာ Download ဆွဲထားတဲ့ ထဲက CF-Root-SGS3-v6.1 ဆိုတဲ့ Zip File ကို Extract လုပ်လိုက်တဲ့အခါ ရလာတဲ့ CF-Root-SGS3-v6.1.tar file ကိုရွှေးပေးလိုက်ပါ။ 


Step (3) ဖုန်းရဲ့ Recovery Mode ထဲဝင်ရပါမယ်။ ဖုန်းကိုပိတ်ပြီး down volume button+ home button+ power button ကို (၃) ခု တစ်ပြိုင်တည်းတွဲနှိပ်ပြီး ဖွင့်လိုက်ပါ။ Warning Message Message ပေါ်လာပါလိမ့်မယ်။ မကြောက်ပါနဲ့။ Up Volume button ကိုနိပ်ပြီး continue နဲ့ဆက်သွားလိုက်ပါ။ Downloading Mode ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ 
မှတ်ချက်။ ။ Step 1 နဲ့ 2 ကို မလုပ်ခင် ဒီအဆင့်ကိုအရင်လုပ်ပြီးမှ Computer နဲ့ join မယ်ဆိုရင်လဲ ရပါတယ် 
Step (4) ပြီးရင်တော့ Odin Software မှာ သေချာအောင်ကြည့်ပါ။ Re-Partition ဆိုတဲ့နေရာမှာ unchecked ဖြစ်နေရပါမယ်။ ကျန်တဲ့ Auto Reboot နဲ့ F.Reset Time မှာတော့ အမှန်ခြစ်ကလေး ဖြစ်နေရပါမယ်။ သေချာပြီဆိုရင်တော့ Start ကိုနှိပ်လိုက်ပါတော့။ အနည်းဆုံး Seconds 30 လောက်ကြာနိုင်ပါတယ်။ ဒါကလဲ Computer ရဲ့ system performance နဲ့လည်းဆိုင်ပါတယ်။ ပုံမှန်ဆို 4 မိနစ်လောက် ကြာနိုင်ပါတယ်။ Phone ကို Roots လုပ်နေပါလိမ့်မယ်။
အားလုံးပြီးသွားရင်တော့ သေချာပါပြီ။ Android is Updating ဘာဖြစ်ညာဖြစ်ဆိုပြီး Restart ကျသွားပြီး ပြန်တက်လာ ရင်တော့ ခင်ဗျားဖုန်းဟာ Rooted ဖြစ်နေပါလိမ့်မယ်။ super user ဆိုတဲ့ application လေးလဲ ရောက်နေပါလိမ့်မယ်။
PDF Files ကိုအောက်က Links မှာ download ရယူနိုင်ပါတယ်။
 

Comments

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း