How to Roots Samsung Galaxy Ace Plus GT-S7500

ဒီလင့် မှာ အစ်ကို တစ်ယောက် မေးထားလို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ Android Phone တွေကို Roots ဘာကြောင့် လုပ်ရတယ်ဆိုတာကို ဒီလင့် မှာ သွားကြည့်နိုင်ပါတယ်။
ပထမဆုံး ပြောချင်တာက အစ်ကိုရဲ့ ဖုန်း Setting ထဲက About Phone ကို အရင်ဝင်ကြည့်လိုက်ပါ။ အဲဒီမှာ ဖုန်းရဲ့ Android Version က 2.3 (သို့) 2.3 နဲ့ အထက်ဖြစ်ခဲ့မယ်ဆိုရင် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ သူရဲ့ Specification ကိုကျွန်တော် လေ့လာကြည့်တော့ Andriod Version က Android 2.3.6 (Gingerbread) ဖြစ်နေပါတယ်။ အဲဒါကြောင့်ပါ။ ဒီနည်းက Android Version 2.3 နဲ့အထက် Galaxy Ace မှန်သမျှကို Root လုပ်နိုင်ပါတယ်။ အကယ်၍ အစ်ကို့ ဖုန်းက Android 2.3 မဟုတ်ဘူးဆိုရင်တော့ အောက်မှာ Commands ပေးခဲ့ပါ။ ကျွန်တော် ကြိုးစားကြည့်ပေးပါ့မယ်။ 
ကျွန်တော်က Mobile Phone နဲ့ ပါတ်သက်တဲ့ လုပ်ငန်းမျိုး လုပ်ကိုင်နေတဲ့ Service သမားတစ်ယောက်မဟုတ်သလို Developer တစ်ယောက်လဲ မဟုတ်ပါဘူး။ အဲဒီ အပိုင်းတွေကို ကျွမ်းလည်း မကျွမ်းကျင်ပါဘူး။ အဲဒီအတွက် လိုအပ်ချက်တွေ ၊ အမှားအယွင်းတွေ ပါရှိခဲ့ရင်တော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ 
ဖုန်းကို Roots မလုပ်ခင် သိ့ထားသင့်တဲ့ အချက်များ 
(၁) မိမိရဲ့ Android ဖုန်းကို Root လုပ်အသုံးပြုပြီ ဆိုကတည်းက Warranty ပျက်ပြယ် သွားပါပြီ။ နောက်ဆုံး Roots လုပ်ပြီးသားကို UnRoot ပြန်လုပ်ခဲ့မယ်ဆိုရင်တောင် Warranty အကျုံးမ၀င်တော့ဘူးလို့ ဆိုပါတယ်။
(၂) အကြောင်းတစ်ခုခုကြောင့် လွဲချော်ခဲ့မယ်ဆိုရင် Cover ဖြစ်ဖို့အတွက် contacts , messages တွေနဲ့ တစ်ခြားအသုံးဝင်တဲ့ Applications တွေကို Backup အရင်လုပ်ထားသင့်ပါတယ်။
(၃) Roots လုပ်ခြင်းကို မစတင်ခင်မှာ မိမိရဲ့ ဖုန်း Battery ကို 50% အနည်းဆုံးရှိအောင် အားဖြည့်ထားဖို့ လိုအပ်ပါတယ်။ Developer တွေရဲ့ Recommend အရဆို၇င်တော့ ဖုန်း Battery အနည်းဆုံး 75 % ရှ်ိနေသင့်ပါတယ်။
(၄) ဖုန်းရဲ့ သက်ဆိုင်ရာ Driver ကို PC မှာ Install လုပ်ထားဖို့ လိုအပ်ပါတယ်။ (မှတ်ချက် ။ ။ ယခုနည်းအရဆိုရင်တော့ Phone ကို PC နဲ့ မ Join ပဲ Micro Card Reader ကိုအသုံးပြုပြီး upd_1.zip File ကို SD Card ထဲ Copy ကူးထည့်နိုင်ပါတယ်)
 Roots လုပ်ခြင်းအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ 
(၁) မိမိရဲ့ ဖုန်းကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲပိုင်ခွင့်တွေ ရရှိလာပါတယ်။ ဥပမာ Android ရဲ့ System Fonts တွေကို လှည့်စားပြီး Myanmar Fonts အစားထိုးအသုံးပြုနိုင်ပါတယ်။
(၂) နာမည်ကြီး clockwork recovery mode (CWM) ကိုလဲ အသုံးပြုနိုင်ပါတယ်။
(၃) တစ်ခြား အွန်လိုင်းက Developer တွေ လက်စွမ်းပြထားတဲ့ custom firmware တွေကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို အသုံးပြုခြင်းအားဖြင့်လည်း ကောင်းကျိုးတွေ ရလာနိုင်သလို အဆင်မပြေရင် ဆိုးကျိုးတွေလဲ ရှိနိုင်ပါတယ်။ Custom Firmware ဖြစ်တဲ့အတွက် Developer တွေက မလိုအပ်တဲ့ background process တွေကို လျှော့ချပေးထားမယ်။ လိုအပ်တဲ့ applications တွေကို အဆင်သင့် ထည့်သွင်းပေးထားမယ်။ Phone ရဲ့ Performance ကို မြှင့်တင်ပေးနိုင်တယ်။ ဒီလို Custom Firmware တွေကို အသုံးပြုမယ်ဆိုရင် မိမိဖုန်းနဲ့ ကိုက်ညီမှု ရှိမရှိ အရင် လေ့လာသင့်ပါတယ်။ မဟုတ်ရင် မိမိဖုန်းမှာ WiFi မရတော့တာမျိုး။ Bluetooth မရရှိတော့တာမျိုးတွေ စသည်ဖြင့် ဆိုးကျိုးတွေလဲ ရှိနိုင်ပါတယ်။
(၄) ဖုန်းရဲ့ Processor ကို overclock ပြုလုပ်နိုင်ပါတယ်။
(၅) တစ်ချို့သော Application တွေဟာ ဖုန်းကို Roots လုပ်ထားမှသာလျှင် အသုံးပြုနိုင်ပါတယ်။
Samsung Galaxy Ace Plus GT-S7500 ကို Root လုပ်နည်း 
(Step 1) ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ upd_1.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 924.752 KB လောက်ပဲ ရှိပါတယ်။ ဒီ File ကို Rename လုပ်ခြင်း ၊ Extract လုပ်ခြင်းမျိုး မပြုလုပ်ပါနဲ့။ 
(Step 2) upd_1.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။ 
(Step 3) တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ လွယ်လွယ်ပြောမယ်ဆိုရင်တော့ Samsung Galaxy ACE Logo တက်လာခဲ့ပြီဆိုရင် လွှတ်လိုက်လို့ ရပါပြီ။
 (Step 4) Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။ 
(Step 5) SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ upd_1.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။ 
(Step 6) Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားအနေနဲ့ ဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။  

PDF file လိုအပ်ခဲ့ရင် အောက်မှာ ယူလိုက်ပါ ........ အစ်ကို အဆင်ပြေပါစေ ... ။

 Download PDF File From Mediafire

Comments

  1. UPDATE FILEလေးပြန်တင်ပေးပါလားခင်ဗျာ

    ReplyDelete
    Replies
    1. Kingroot apk သို့မဟုတ် iroot pc version နဲ့လွယ်လွယ်ကူကူဖောက်လို့ရနေပါပြီအစ်ကိုရေ ဒီဟာကဟိုတုန်းကနည်းတွေပါ :-)

      Delete
    2. Kingroot apk သို့မဟုတ် iroot pc version နဲ့လွယ်လွယ်ကူကူဖောက်လို့ရနေပါပြီအစ်ကိုရေ ဒီဟာကဟိုတုန်းကနည်းတွေပါ :-)

      Delete

Post a Comment

အဆင်မပြေတာပဲဖြစ်ဖြစ်၊ အဆင်ပြေတာပဲဖြစ်ဖြစ် ပြောချင်ရင် ပြောခဲ့ပေါ့။

Popular posts from this blog

မက်​​ဆေ့ အ၀င်​ရ၍ အထွက်​မရခြင်း